သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာဝန်-လူနာ ဆက်ဆံရေး


မြန်မာနိုင်ငံမှာ ဆရာဝန်နဲ့ လူနာကြား ဆက်ဆံရေး ပျက်ပြားကြလာတာတွေ အခုနောက်ပိုင်းမှာ ပိုတွေ့လာရတာမို့ ပြင်ဆင်ပေးဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

ဆရာဝန်-လူနာ ဆက်ဆံရေးကို ပြန်လည်ပြုပြင် တည်ဆောက်ရာမှာ ဆရာဝန်တွေဘက်က လူနာဘက်ကို အဓိက ဦးစားပေးကာ အချိန်တစုံတရာပေးပြီး ရှင်းပြတာ၊ ကုသနည်းတွေကိုလည်း လူနာနဲ့ ပူးပေါင်းတိုင်ပင် ဆုံးဖြတ်တာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် စာရွက်စာတမ်းတွေနဲ့ လူနာကို ရှင်းပြနိုင်အောင်လည်း ပြင်ဆင်ထားသင့်ပါတယ်။

လူနာတွေဘက်ကလည်း အချိန်တိုတိုအတွင်း ထိထိမိမိ ပြောဆို၊ မေးမြန်းတိုင်ပင်နိုင်အောင် အတတ်နိုင်ဆုံး ပြင်ဆင်လာသင့်ပါတယ်။ ဒီ့အတွက် ကိုယ့်ရောဂါဝေဒနာနဲ့ ပတ်သက်တာတွေ တတ်နိုင်သမျှ လေ့လာထားပြီး၊ အဓိက ရှင်းပြသင့်၊ မေးသင့်တာတွေ ပြင်ဆင်လာတာ၊ အစောပိုင်း ကုသခဲ့တဲ့ ဆေးမှတ်တမ်းတွေ ရှိရင်လဲ သိမ်းဆည်းယူဆောင်လာတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် နာမည်ကြီး ဆရာဝန်တွေဆီမှာ စုပြုံတိုးပြီး အချိန်လုပြမဲ့အစား၊ အချိန်ပေး ရှင်းပြပြောဆို၊ ဆွေးနွေးတိုင်ပင်နိုင်တဲ့ ဆရာဝန်မျိုးကိုလည်း ရှာဖွေပြသင့်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တခုလုံးမှာလည်း ဆရာဝန်တွေအနေနဲ့ စိတ်ဖိစီးမှုနဲပြီး၊ လူနာတွေအတွက် အချိန်ပေး ဆွေးနွေးတိုင်ပင်နိုင်အောင် လိုအပ်ချက်တွေ ရှိနေတာကိုလည်း ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ဘယ်လို လိုအပ်ချက်တွေရှိနေပါလဲ။

ဆရာဝန်-လူနာ ဆက်ဆံရေးအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG