သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်နုစဉ်ကာလ စားသောက်သင့်ပုံ


ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ခလေးအတွက်ပါ ပိုစားဖို့လိုပေမယ့် ကိုယ်ဝန်နုစဉ်ကာလမှာ စားရခက်တဲ့ ပြဿနာမျိုးတွေ ကြုံရတတ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ ကိုယ်ဝန်နုစဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ပျို့အန်တာဖြစ်ပြီး စားရသောက်ရ ခက်ခဲရတာက သဘာဝအလျောက် ဖြစ်ရတာပါ။

ဒါပေမဲ့ စားချင်သောက်ချင်စိတ် ပျက်စီးတာက အမျိုးသမီးအများစုမှာ ပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိတတ်ပါတယ်။ ကိုယ်ဝန်နုစဉ်မှာ သန္ဓေသားက ငယ်သေးတာမို့ အအန်ပျောက်ဆေးစားပြီး၊ ကိုယ်စားချင်စိတ်ရှိတဲ့ အစာကိုသာ အတတ်နိုင်ဆုံး စားဝင်အောင် စားပေးခြင်းဖြင့် လိုအပ်တဲ့ အာဟာရကို ဖြည့်စွမ်းနိုင်ပါတယ်။ အကယ်၍ လိုအပ်တဲ့ အဟာရကို မစားနိုင်မသောက်နိုင်ပါက အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ အဲဒီလို အခြေအနေ၊ အဆင့်ရောက်ခဲ့ရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပြီး၊ ဘယ်လို ကျော်လွှားနိုင်ရမလဲ။ ဒါပေမဲ့ အစားအသောက် ပျက်ရတာက ကိုယ်ဝန်နုစဉ် (၃) လခွဲကနေ (၄) လခန့်သာ ကြာတတ်ပြီး နောက်ပိုင်းမှာ အလိုလို ပြန်ကောင်းသွားလေ့ရှိပါတယ်။

ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG