သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှုနဲ့ နောက်ဆက်တွဲ ရောဂါများ


မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း နဲ့ အခြားဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်နေပြီး၊ မသန့်ရှင်းတဲ့ ရေတွေကြောင့် ခြင်တွေ ပိုပေါက်ဖွားလာကာ ကူးစက်စေတဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး၊ မြွေကိုက်ခံရမဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ရေကြီးမှုနောက်ပိုင်း အဖြစ်များတဲ့ ရောဂါတွေကတော့ မသန့်တဲ့ ရေကနေတဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါ နဲ့ အရေပြားအပြင်၊ တိုက်ဖွိုက် (ခေါ်) အူရောင်ငန်းဖျားရောဂါနဲ့ အသည်းရောင် အသားဝါရောဂါတွေပါ။ ဒါ့အပြင် ရေပြန်ကျသွားချိန်မှာ ကျန်ရှိခဲ့တဲ့ ဗွက်အိုင်တွေထဲမှာ ခြင်ပေါက်ဖွားမှုတွေ ပိုများလာတာကြောင့် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေး နဲ့ ငှက်ဖျားရောဂါတွေလည်း အဖြစ်များတတ်ပါတယ်။ တချို့မှာတော့ အာဟာရပျက်တာနဲ့ စိတ်ခြောက်ခြားတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဒီရောဂါတွေ အဖြစ်များတာအပြင် အသက်အန္တရာယ်ကြီးတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အခုနောက်ပိုင်း အဖြစ်များလာနေတဲ့ တိုက်ဖွိုက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ မသန့်တဲ ရေတွေကို မသောက်သုံးဘဲ၊ ရေသန့်ဗူး (သို့မဟုတ်) မိုးရေကို သန့်သန့်ရှင်းရှင်း ရအောင်ခံယူပြီး၊ ကျိုချက်သောက်သုံးသင့်ပါတယ်။ သောက်ရေကန်တွေကိုလည်း ပြန်လည်ဆေးကြောပြီး ကလိုရင်း (Chlorine) ဆေးခပ် ပေးသင့်ပါတယ်။ ဒါ့အပြင် ရေကြီးတာကြောင့် ဖြစ်လာတဲ့ မသန့်ရှင်းတဲ ရေတွေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကိုလည်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။

အသက်အန္တရာယ် မရှိသော်လဲ အဖြစ်များပြီး၊ ဖြစ်လာခဲ့ရင် ကုရခက်တဲ့ အရေပြားရောဂါအတွက်လည်း မသန့်တဲ့ရေတွေ၊ ဗွက်တွေ ထိတွေ့ပြီးရင် စင်ကြယ်အောင် ဆပ်ပြာ၊ ဖြစ်နိုင်လျှင် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာသုံးပြီး ရေကြည်ရေသန့်နဲ့ ဆေးကြောသင့်ပါတယ်။

ရေကြီးပြီး ရေပြန်ကျချိန် ပေါက်ဖွားမှုများလာတဲ့ ခြင်တွေကို နှိမ်နင်းရ ခက်ချိန်မှာ ခြင်ကကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါ လက်ရှိ မြန်မာနိုင်ငံထဲမှာ အဖြစ်များလာနေပါတယ်။ အခုလိုအချိန်မှာ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်တွေ အကိုက်မခံရအောင် အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ဝတ်တာ၊ နေ့ရောညပါ စောင်၊ ခြင်ထောင်နဲ့ အိပ်တာ၊ ဖြစ်နိုင်ရင် ခြင်ပိုးသေစေတဲ့ ဆေးစိမ်ထားတဲ့ စောင်၊ ခြင်ထောင်တွေ အသုံးပြုတာ၊ ကျောင်းနေကလေးတွေအတွက် ခြင်သေစေတဲ့ ဆေးစိမ်ထားတဲ့ ပုဝါ၊ လိုက်ကာတွေ အသုံးပြုပေးတာ၊ နောက် ခြင်ဆေးလူးတာနဲ့ ခြင်ဆေးမှုတ်ဖြန်းတာတွေကို အဓိက လုပ်ပေးသင့်ပါတယ်။

ဒါ.အပြင် ရေကြီးပြီး အရပ်ထဲ၊ အိမ်ထဲ တွယ်ကပ်ဝင်ရောက်လာတတ်တဲ့ မြွေကိုက်တာကြောင့်လည်း အသက်အန္တရယ် ရှိနိုင်ပါတယ်။ အရေးကြီးတာက အဆိပ်ပြင်းတဲ့ မြွေကိုက်တာ ဟုတ်မဟုတ် သိဖို့ (ဒါမှမဟုတ်) ပြင်းထန်တဲ့ မြွေဆိပ်တက်တဲ့ လက္ခဏာတွေကို သိထားပြီး၊ လူနာကို ဘယ်လို ပုံစံနဲ့ နီးစပ်ရာ မြွေဆိပ်ဖြေဆေးရှိတဲ့ ဆေးပေးခန်းကို ပို့သင့်တာကို သိထားဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိရှိ နားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG