သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပခုံးဆစ်ကပ်ရောဂါ


မြန်မာနိုင်ငံမှာ ပခုံးဆစ်ကပ်တဲ့ရောဂါ အသက် (၅၀) ကျော်မှာ အဖြစ်များနေပြီး၊ ဖြစ်ရခြင်းအကြောင်းရင်းကို သိရခက်ပြီး ကာကွယ်ဖို့ခက်ပေမယ့်၊ ဖြစ်တာကြိုသိဖို့အတွက် ရောဂါလက္ခဏာတွေကို သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။

ဒီရောဂါဖြစ်တာ အဆင့် (၃) ဆင့်ရှိရာမှာ ပထမအဆင့်မှာ နာကျင်မှုဖြစ်ပြီး၊ လှုပ်ရှားမှု တဖြည်းဖြည်း လျော့ကျလာလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒုတိယအဆင့်မှာတော့ နာကျင်မှု ပျောက်သွားပေမယ့် ပခုံးဆစ် ပိုကပ်လာကာ လက်အပေါ်မြှောက်မရတာ၊ ရှေ့လွှဲမရ နောက်လွှဲမရတာ၊ ပခုံးနေရာမှာ လက်လှည့်လို့မရတာတွေ ဖြစ်လာပါတယ်။ တတိယအဆင့်မှာတော့ သူအလိုလို ပြန်ကောင်းသွားလေ့ရှိပေမယ့် အချိန်ကြာလေ့ရှိပြီး တခါတရံ တစ်နှစ်တနှစ်ခွဲ ကြာတတ်ပါတယ်။

ကုသမှုမမှားဖို့ အရေးကြီးတာမှာ ပထမအဆင့်ဖြစ်တဲ့ နာကျင်နေချိန်ကာလမှာ ပတ်တီးစီးတာ၊ နှိပ်နယ်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေ မလုပ်မိစေဖို့ အရေးကြီးပါတယ်။ တကယ်လို့ ဒါတွေသွားလုပ်မိရင်တော့ ပခုံးဆစ် ပိုကပ်တာကနေ လုံးဝကပ်သွားတဲ့အထိ၊ လုံးဝလှုပ်လို့မရတဲ့အထိ ပိုဆိုးသွားနိုင်ပါတယ်။ ကုသမှု အချိန်မီ မယူရင်လဲ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကုသမှုမှန်ကန်ရင်တော့ မြန်မြန်ပြန်ကောင်းလာနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိနားလည်ဖို့ ကိုဝင်းမင်း က အရိုးအထူးခွဲစိတ် ဆရာဝန်ကြီး၊ အရိုးရောဂါပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG