သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အူကျရောဂါ


ဆရာဝန်များ အူကျရောဂါကို ခွဲစိတ်ကုသနေကြပုံ။
ဆရာဝန်များ အူကျရောဂါကို ခွဲစိတ်ကုသနေကြပုံ။

ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရှိသူနဲ့ အလေးအပင် ထမ်းရသူတွေမှာ အဖြစ်များပြီး၊ ဒီထက်ဆိုးလာရင် အသက်အန္တရာယ် ရှိတယ်လို့ ခွဲစိပ်ကုဆရာဝန်တွေက ဆိုကြပါတယ်။ အသက်အန္တရာယ်မရှိအောင် အူကျတာကို စောစောသိပြီး၊ ဆိုးတဲ့အဆင့်မရောက်ခင် အဆင်ပြေချိန်မှာ ခွဲစိပ်နိုင်ဖို့ လိုပါတယ်။ ကပ္ပယ်အိပ်တွင်း အူကျရောဂါဖြစ်၊ စဖြစ်ချိန်မှာပြတဲ့ လက္ခဏာတွေကတော့ ဗိုက်ကိုညှစ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင်၊ မတ်တပ်အကြာကြီးရပ်လိုက်ရင် ဒီကပ္ပယ်အိပ်ထဲ ရှည်မျောမျောအလုံးသဏ္ဍာန် အူတွေဆင်းကျလာပြီး၊ အိပ်လိုက်ရင် (သို့မဟုတ်) လက်နဲ့ပြန်သွင်းလိုက်ရင် ပြန်တက်သွားတာတွေပါ။

အဲဒီလို စောစောစီးစီး အဆင့်အခြေအနေမှာ ခွဲစိပ်ကုသမှု မယူခဲ့ရင်တော့ နောက်ပိုင်းမှာ ပိုဆိုးတဲ့အဆင့် လက္ခဏာတွေဖြစ်တဲ့ အိပ်လိုက်ရင် (သို့မဟုတ်) လက်နဲ့ပြန်သွင်းရင် ဒီအူတွေ ပြန်တက်မသွားတာ ဖြစ်လာနိုင်ပါတယ်။ ဆိုးတဲ့အဆင့်ရောက်ရင် အူတွေပိတ်ညပ်သွားပြီး၊ ပုတ်သွားကာ အသက်အန္တရာယ် ရှိလာတာကြောင့် အရေးပေါ်ခွဲစိပ်မှု ခံယူရမှာ ဖြစ်ပါတယ်။ ဒီလို ဆိုးလာတဲ့အဆင့်မှာ အချိန်မီ ခွဲစိပ်မကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

ဒီရောဂါအခြေအနေအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိပ်အထူးကု ဆရာဝန်ဒေါက်တာစိုးမင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG