သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်ရူးပြန် (ခေါ်) အတက်ရောဂါနဲ့ မှားနိုင်သော ပြဿနာများ


မြန်မာနိုင်ငံမှာ ကလေးလူငယ်အပါအဝင် လူကြီးတွေပါ တက်တယ်ဆိုပြီး ဆေးခန်းလာပြလေ့ရှိပေမဲ့ တကယ်တက်တဲ့ Epilepsy ရောဂါမဟုတ်တာတွေ အများကြီးရှိနေတယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။

အတက်ရောဂါ ဟုတ်မဟုတ် သေချာအောင် တက်နေချိန်မှာ ဖြစ်တဲ့လက္ခဏာတွေကို သေသေချာချာ မှတ်ထားသင့်ပါတယ်၊ ဖြစ်နိုင်ရင် လက်ကိုင်ဖုန်းနဲ့ ဗီဒီယို ရိုက်ထားသင့်ပါတယ်။ အတက်ရောဂါ ဟုတ်မဟုတ် ခွဲရခက်တာမို့ ဆေးရုံ၊ ဆေးခန်းတွေပြပြီး သေချာအောင် ခွဲကာ၊ ကုသပေးသင့်ပါတယ်။

Epilepsy တကယ်တက်တဲ့ရောဂါမှာ မျက်နှာအကျောဆွဲတာ၊ မျက်စိပွင့်နေတာ၊ ခြေလက်ဆန့်ငင်ဆန့်ငင်ဖြစ်တာ (မွေးကင်းစကလွဲလို့)၊ ပါးစပ်ကအမြုပ်ထွက်တာ၊ ဆီးဝမ်းသွားတာ၊ သတိလစ်တာ၊ လျှာကိုက်မိတာ တွေဖြစ်ပြီး၊ တကယ် မတက်တဲ့ ပြဿနာတွေမှာလည်း ခပ်ဆင်ဆင်ရှိနေပြီး ခွဲရခက်တတ်ပါတယ်။

ကလေးမွေးကင်းစအရွယ်မှာ တက်ရင်တော့ ခြေလက်ဆန့်ငင်ဆန့်ငင် မဖြစ်ဘဲ မျက်လုံး ပေကလပ်ပေကလပ်ဖြစ်တာ၊ နှုတ်ခမ်းပြာလာတာ၊ တည့်တည့် တနေရာထဲ စိုက်ကြည့်တာ၊ လက်တွေတောင့်တင်းလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသက်ငယ်လေ တက်တာကို ခွဲရခက်လေဖြစ်ပါတယ်။

Epilepsy တက်တာမဟုတ်တဲ့ ပြဿနာမျိုးစုံရှိရာမှာ အဓိကအားဖြင့် ကလေးနှာခေါင်းပိတ်လို့ နို့စို့မရတာ၊ ကလေးစိတ်ကြီးပြီး ငိုဖို့ဖြစ်ကာ အသက်မရှုမိတာ၊ အအန်ပျောက်ဆေး စားတာများသွားတာကနေ လူငယ်လူကြီးတွေမှာလည်း နေပူထဲအကြာကြီးရပ်တာ၊ သကြားဓာတ်လျော့နဲတာ၊ ကယ်ဆီယံထုံးဓာတ်နဲတာ၊ စိတ်အလိုမကျတာ (Hysteria) တွေကြောင့် တက်သလိုဖြစ်လာတာတွေ အထိ ပါပါတယ်။

ဒီရောဂါအကြောင်းတွေကို ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှုးပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG