သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီပြောင်း တုပ်ကွေး နဲ့ ချောင်းဆိုး၊ အသံဝင်ခြင်း


မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါဖြစ်ပြီး ချောင်းဆိုးတာကျန်ခဲ့တာနဲ့ အသံဝင်လာတာတွေ ဒီရက်ပိုင်းအတွင်း အဖြစ်များလာတယ်လို့ ကျန်းမာရေးပညာရှင်တွေ ပြောဆိုကြပါတယ်။
တုပ်ကွေးဖြစ်ပြီး ချောင်းဆိုးတာ ကျန်နေခဲ့ရခြင်း အဓိက အကြောင်းရင်းကတော့ အဆုပ်လေပြွန်တွေ ရောင်ရမ်းကျန်နေခဲ့ပြီး အမှုန်အမွှားနဲ့ မတည့်တာတွေ ဝင်လာတာကြောင့် ဖြစ်ပါတယ်။ အခြားဘယ်လို အကြောင်းရင်းတွေ ရှိပါသေးလဲ။ အသံဝင်ရခြင်းအကြောင်းရင်းကတော့ လေပြွန်အို ရောင်ရမ်းတာကြောင့် ဖြစ်ပါတယ်။

ဒီရောဂါတွေကို ကုသရာမှာ ချောင်းဆိုးပျောက်ဆေးက သိပ်မထိရောက်ဘဲ၊ အနားယူခြင်းနှင့် ရေများများသောက်ခြင်းတို့က ပိုထိရောက်ပါတယ်။ အခြားရော ဘယ်နည်းတွေကို ဆောင်ပြီး၊ ဘာတွေကို ရှောင်ကျဉ်သင့်ပါလဲ။

ဒီတုပ်ကွေးရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG