သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမွေးပြီး မိခင် စားသောက်နေထိုင်သင့်ပုံ


မီးဖွားပြီးစ မိခင်နဲ့ ရင်သွေးငယ်။
မီးဖွားပြီးစ မိခင်နဲ့ ရင်သွေးငယ်။

မီးဖွားမီးနေသည်အချိန်မှာ ရှေးရိုးစွဲမှားနေတဲ့ အယူအဆတွေကြောင့် လွဲမှားစွာ စားသုံးကြလို့ မိခင်နဲ့ ကလေးတို့ ဒုက္ခရောက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ ရှေးရိုးအယူအဆ မှားတွေကြောင့် အငန်နဲ့အရည်များတဲ့ ဟင်းခါးတွေ အလွန်အကျွံ စားသောက်မိပြီး မိခင်မှာ ဖောရောင်ခြင်း၊ သွေးတိုးခြင်း၊ ဗီတာမင် B1 ဓာတ်ချို့တဲ့ပြီး ကလေး အသက်အန္တရာယ်ကိုပါ ထိခိုက်အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့် ဒီလိုဖြစ်ရပါလဲ။

မိခင်ရော ကလေးပါ ကျန်းမာနိုင်ဖို့ အာဟာရရှိတဲ့ အသီးအနံှအရွက်များ၊ အသားငါး အစာတွေကို မိခင်အတွက် ပုံမှန်အနေအထား ကျွေးပေးသင့်ပါတယ်။ တခြား စားသောက်နေထိုင်ပုံ ဘယ်လို အယူအဆမှားတာတွေနဲ့ သတိပြုရှောင်ရှားဖို့တွေ ရှိပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG