သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးပြီးနောက် အဖြစ်များတဲ့ အရေပြားရောဂါများ


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်များ။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်များ။

ရေကြီးပြီးနောက်ပိုင်းမှာ အရေပြားရောဂါတွေ အဖြစ်များရတာက ရေတွေမသန့်တော့တာ၊ မသန့်ရှင်းတဲ့ ရေတွေနဲ့ အထိအတွေ့များတာ၊ တကိုယ်ရေ သန့်ရှင်းမှုအားနည်းသွားတာတွေကြောင့်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ရေကြီးအပြီး အဓိက အဖြစ်များလာတဲ့ အရေပြားရောဂါတွေကတော့ ကူးစက်ပိုးဝင်လို့ဖြစ်တဲ့ အရေးပြားအနာပေါက်တာ၊ အမွေးကျွတ်နာဖြစ်တာ၊ ခြေစွယ်၊လက်စွယ်ငုပ်တာ၊ ပွေးနဲ့အခြားမှိုကြောင့်ဖြစ်တဲ့ ရောဂါများ၊ ဝဲနဲ့ သန်းရောဂါဖြစ်တာတွေ ပါဝင်ပါတယ်။ နောက် ယားနာတွေဖြစ်ပြီး အနီစက်တွေပေါ်ကာ တချို့မှာ နောက်ပိုင်း အမဲကွက်၊အညိုကွက်တွေ ကျန်ခဲ့တာတွေလဲ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် တခါတရံမှာ ကြွက်သေးကနေတဆင့်ကူးတဲ့ Leptospirosis ရောဂါလဲ အစုလိုက် အပြုံလိုက် ဖြစ်တတ်ပါတယ်။ ဒီ Leptospirosis ဖြစ်ရင် ဘယ်လို လက္ခဏာတွေ၊ နောက်ဆက်တွဲတွေဖြစ်နိုင်ပါလဲ။ ဒါတွေကို ကာကွယ်နိုင်ဖို့ ရေကျပြီး အခြေအနေပေးရင် ခြေထောက်တွေ အမြဲရေစို မနေစေဘဲ ရေခြောက်အောင်နေကာ၊ တကိုယ်ရည်သန့်ရှင်းမှု မြှင့်တင်ပေးသင့်ပါတယ်။ တကိုယ်ရေသန့်ရှင်းမှုအတွက် ဥပမာ ဆပ်ပြာနဲ့ ရေပုံမှန်ချိုးတာ၊ သန့်စင်တာတွေ လုပ်ပေးရပါမယ်။

ဒါ့အပြင် ကူးစက်ပိုးဝင်ထားတဲ့ အရေပြားရောဂါတွေအတွက် သက်ဆိုင်ရာ ပိုးသတ်ဆေးလိမ်းတာ၊ သောက်တာလုပ်ဖို့လိုပြီး၊ ယားနာတွေအတွက်လည်း ယားနာဆေး လိမ်းတာ၊ သောက်တာလုပ်ပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG