သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်အခတ် ပျက်ရင် အစိုးရ လက်နက်ကြီးများ ရှေ့တန်း ပြန့်ပို့မည်


ယူကရိန်းအစိုးရတပ် ( ဖေဖော်ဝါရီ ၂၇-၂၀၁၅)
ယူကရိန်းအစိုးရတပ် ( ဖေဖော်ဝါရီ ၂၇-၂၀၁၅)

ရုရှားထောက်ခံပေး ထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေအနေနဲ့ အခုလ အစောပိုင်း က သဘောတူညီမှုရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို ချိုးဖေါက်မယ် ဆိုရင် ယူကရိန်း အရှေ့ပိုင်းက ရှေ့တန်းမျက်နှာစာမှာ လက်နက်ကြီးတွေ ပြန်နေရာချသွားဖို့ သူ့ တပ်ဖွဲ့ဟာ အဆင့်သင့်ပဲလို့ ယူကရိန်း သမ္မတ ပက်ထရိုပိုရိုရှန်းကိုးက ပြောပါတယ်။

ဘယ်ချိန်မှာပဲဖြစ်ဖြစ် ရန်သူကိုရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ သမ္မတ ပိုရိုရှန်းကိုး က သောကြာနေ့ ဒီကနေ့မှာ ပြောပါတယ်။ အပစ်အခတ် ရပ်စဲနိုင်ရင်တောင်မှ စစ်ရေးခြိမ်းခြောက်မှုတွေ ဆက်ရှိနေမှာဖြစ်တယ်ဆိုပြီးတော့လည်း ရုရှားကို ရည်ညွှန်းပြောဆိုသွားပါတယ်။

ဒီအတောအတွင်း လွန်ခဲ့တဲ့နေ့က ယူကရိန်းတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးပြီး ၇ ယောက် ဒဏ်ရာရထားတယ်လို့ ယူကရိန်းစစ်ဖက် ပြောခွင့်ရက ပြောပါတယ်။ ၂ ရက်ကြာ အထိအခိုက် အသေအပျောက်မရှိ ခဲ့ပြီးနောက် အခုလို ကျဆုံး ထိခိုက် ဒဏ်ရာရမှု ဖြစ်တာပါ။ ရုရျားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗရော့က ယူကရိန်းအရှေ့ဖက်က တပ်ဆုတ်ခွါမှုတွေမှာ တိုးတက်မှုရှိနေပြီး လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ၊ Donbas ဒေသက ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး ကိစ္စတွေ ပါဝင်တဲ့ အပစ်ရပ် အခြေအနေအလုံးစုံအပေါ် နားလည်မှုရှိဖို့ အရေးကြီးကြောင်းကိုလည်း သူက အလေးထားပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ပေါ်ဖို့ ဥရောပနိုင်ငံတွေ ရဲ့ စောင့်ကြပ်မှုအောက်မှာ တိုက်ပွဲတွေတွင်း ထိခိုက်ပျက်စီးခဲ့ရတဲ့ Debaltseve မြို့အနီး ရှေ့တန်း ကျေးရွာတခုကနေ လက်နက်ကြီးတွေကို ယူကရိန်းတပ်ဖွဲ့တွေက ကြာသာပတေးနေ့မှာ စတင် ဖယ်ရှားပေး နေပါတယ်။ အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ အရှိန်လျော့ကျလာတာကို ယူကရိန်းဘက်က အသိအမှတ်ပြုပြီးနောက် မှာ အခုလို စတင်ဆုတ်ခွါပေးခဲ့တာပါ။ ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားတဲ့ သူပုန်တွေကို ကူညီတိုက်ခိုက်ပေးနေသူလို့ သံသယရှိသူ စပိန်နိုင်ငံသား ၈ ဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့လည်း စပိန် အာဏာပိုင်တွေက ဒီကနေ့ သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG