သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Houthi သူပုန်တွေ ယီမန်အလယ်ပိုင်းမြို့သိမ်းပိုက်


Houthi ဆန့်ကျင်ရေးသမားတွေ တိုင်ဇ်မြို့က ဆန္ဒပြပွဲအတွင်း ဒဏ်ရာရသူတဦးကို သယ်ဆောင်လာစဉ်။ (မတ်လ ၂၂၊ ၂၀၁၅)
Houthi ဆန့်ကျင်ရေးသမားတွေ တိုင်ဇ်မြို့က ဆန္ဒပြပွဲအတွင်း ဒဏ်ရာရသူတဦးကို သယ်ဆောင်လာစဉ်။ (မတ်လ ၂၂၊ ၂၀၁၅)

ယီမင်နိုင်ငံအလယ်ပိုင်းက တိုင်ဇ် မြို့(Taiz) ကို ရှီယာ Houthi ဟူသီသူပုန်တွေက သိမ်းပိုက်လိုက်တဲ့အတွက် အာရေဗျကျွန်းဆွယ်ဒေသမှာ
ပဋိပက္ခတွေ တကျော့ပြန် ကြီးထွားလာခဲ့ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် - Yemen ယီမင်သမ္မတ အဘ် ရာဘူ မန်ဆွာ ဟေဒီ (Abd-Rabbu Mansour Hadi) ကို ဆန့်ကျင်တဲ့ ဟူသီသူပုန်တွေကတော့
စနေနေ့နှောင်းပိုင်းမှာပဲ ဒေသခံအာဏာပိုင်တွေရဲ့ ခုခံမှုနဲ့ မကြုံရဘဲ -တိုင်ဇ်မြို့က စစ်လေယာဉ်ကွင်းကို သိမ်းပိုက်ခဲ့တာပါ။ မနေ့ တနင်္ဂနွေမှာတော့
တိုင်ဇ် မြို့ရဲ့ တချို့နေရာတွေကို ဟူသီသူပုန်တွေ ကင်းလှည့်စစ်ဆေးခဲ့ကြပြီး သူတို့ကို ဆန့်ကျင်ဆန္ဒပြသူတွေ လူစုကွဲအောင်လို့ လေထဲကို သေနတ်တွေ ပစ်ဖောက်ခဲ့ကြပါတယ်။

မြို့ကိုသိမ်းပိုက်ပြီး နာရီပိုင်းအကြာမှာ - ဟူသီသူပုန်ခေါင်းဆောင် အဘ်ဒဲလ် မာလစ်ခ် အယ်လ် ဟူသီ (Abdel-Malik al-Houthi) က လက်ရှိသမ္မတ ဟေဒီ
ခိုလှုံနေတဲ့ တောင်ပိုင်းကို သူ့တပ်ဖွဲ့ဝင်တွေစေလွှတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ရုပ်မြင်သံကြားကထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းတခုမှာ ဟူသီသူပုန် ခေါင်းဆောင်က သမ္မတဟေဒီဟာ နိုင်ငံတကာနဲ့ ဒေသတွင်းက အင်အားကြီးအစိုးရတွေကြိုးဆွဲရာ ရုပ်သေးရုပ်ဖြစ်သလို လစ်ဗျားနိုင်ငံက ပုံစံမျိုး
ယီမင်နိုင်ငံမှာဖြစ်လာအောင် လုပ်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်၊

အမေရိကန်၊ အစ္စရေးလ်၊ ဆော်ဒီ အာရေးဘီးယား၊ ကာတာ နိုင်ငံတွေဟာ ယီမင်နဲ့ တခြားဒေသတွင်း နိုင်ငံတွေကိုဆန့်ကျင်ဖို့ ပူးပေါင်း ကြံစည်နေကြတဲ့
နိုင်ငံတွေ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

သူပုန်တွေထိန်းချုပ်ထားတဲ့ မြို့တော် Sanaa က ဗလီနှစ်ခုကို အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၁၃၇ ဦး သေဆုံးခဲ့တဲ့အထိ
ပြဿနာတွေ ကြီးထွားလာနေတဲ့အတွက် နောက်တရက် စနေနေ့မှာပဲ အမေရိကန်ပြည်ထောင်စုကနေ ယီမင်မှာရှိတဲ့ အမေရိကန် ဝန်ထမ်းတွေအားလုံးကို
ပြန်ရုပ်သိမ်းခဲ့ပါတယ်။

XS
SM
MD
LG