သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသား တရားခံ ၃ ဦး အင်ဒို ကွပ်မျက်ရန်အသင့်


ကွပ်မျက်ခံရမယ့် နိုင်ငံခြားသားတွေကို ခေါ်ဆောင်လာစဉ်။
ကွပ်မျက်ခံရမယ့် နိုင်ငံခြားသားတွေကို ခေါ်ဆောင်လာစဉ်။

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သြစတြေးလျ နိုင်ငံသား ၂ ဦးကို ဘာလီအကျဉ်းထောင်ကနေ သေဒဏ်နဲ့ ကွက်မျက်မယ့် ကျွန်းတကျွန်းကို ခေါ်ဆောင်သွားပါပြီ။

အသက် ၃၁ နှစ်အရွယ် Andrew Chan နဲ့ ၃၃ နှစ်အရွယ် Myran Sukumaran အပါအဝင် နိုင်ဂျီးရီးယားနွယ်ဖွား စပိန်နိုင်ငံသား ၃ ဦးကို ကျွန်းတကျွန်းမှာရှိတဲ့ အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် နိုင်ဂျီးရီးယား ၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသူ ၁ ဦးနဲ့ ဘရာဇီးလ်၊ ပြင်သစ်၊ ဂါနာ၊ အင်ဒိုနီးရှား နိုင်ငံတွေက မူးယစ်မှောင်ခိုသူ ၄ ဦးကိုလည်း အလားတူ ကွက်မျက်ဖို့ ရက်သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။

အခုချိန်ထိ Nusakambangan ကျွန်း အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တဲ့ အကျဉ်းသားဦးရေ အတိအကျ မသိရသေးပါဘူး။ အကျဉ်းသားတွေကို သေနတ်နဲ့ ပစ်သတ်တဲ့ အဲဒီအကျဉ်းထောင်မှာ မကြာခင် ရက်ပိုင်းအတွင်း ကွက်မျက်ခံရမှာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် ဘာလီလေဆိပ်မှာ Bali Nine လို့ခေါ်တဲ့ သြစတြေးလျနိုင်ငံသား ၉ ဦး ဖမ်းဆီးခံရတဲ့ အမှုမှာ Chan နဲ့ Sukumaran တို့ ၂ ဦးဟာ ခေါင်းဆောင်တွေ ဖြစ်တယ်လို့ သတ်မှတ်ခံထားရတာပါ။ အလေးချိန် ၈ ကီလိုဂရမ်မကရှိတဲ့ ဘိန်းဖြူတွေကို သြစတြေးလျနိုင်ငံကို သယ်ယူဖို့ ကြိုးစားခဲ့ကြောင်း သူတို့ ၂ ဦးလုံးက ဝန်ခံခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သြစတြေးလျ နိုင်ငံသားတွေကို ကွပ်မျက်တာကို သြစတြေးလျအစိုးရက ဆန့်ကျင် ကန့်ကွက်ထားတဲ့အပြင် နောက်ထပ် ကွပ်မျက်မယ့် အလားအလားတွေ အတွက်လည်း သူ့အနေနဲ့ စက်ဆုပ်ရွံရှာမိတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က ပြောပါတယ်။

XS
SM
MD
LG