သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတနဲ့ ရွေးကောက်ခံသမ္မတ ပထမဆုံးမျက်နှာချင်းဆိုင်ဆွေးနွေး


အင်ဒိုနီးရှားနိုင်ငံမှာ ရာထူးကဆင်းပေးမယ့် သမ္မတ Susilo Bambang Yudhoyono နဲ့ သမ္မတသစ်ဖြစ်လာမယ့် Jokowi လို့ အများခေါ်ကြတဲ့ Joko Widodo တို့ အာဏာအလွှဲအပြောင်းအတွက် တွေ့ဆုံကြတဲ့အခါ အစိုးရစိုက်ပြီး ဝယ်ပေးနေတဲ့ လောင်စာဆီစရိတ် မြင့်တက်နေတဲ့ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ Yudhoyono နဲ့ မစ္စတာ Widodo တို့ဟာ ဘာလီကျွန်းမှာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ ၂ ရက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဇူလိုင်လ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဟာ မစ္စတာ Widodo ဖြစ်တယ်လို့ ဖွဲ့စည်းပုံတရားရုံးက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အတည်ပြုပေးခဲ့ပြီးနောက် မစ္စတာ Yudhoyono နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့မှာဖြစ်ပါတယ်။

မစ္စတာ Yudhoyono သမ္မတရာထူးကနေ အောက်တိုဘာလမှာ ဆင်းမသွားခင် အစိုးရစိုက်ပြီး ဝယ်ပေးနေတဲ့ လောင်စာဆီစရိတ်ကို လျှော့ချသွားဖို့ မစ္စတာ Widodo က တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG