သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတိုင်းရင်းသူလေး Za Hmun နဲ့ ဆက်သွယ်မေးမြန်းချက်


Za Hmun
Za Hmun

အင်ဒီးယားနားပုလိစ့် အခြေစိုက် BACI လို့ခေါ်တဲ့ မြန်မာ-အမေရိကန်အသိုင်းအဝိုင်း ကနေ မကြာသေးခင်ကပဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စု အတွင်း မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကျော် အခြေချနေထိုင်လျက် ရှိပါတယ်။ အင်ဒီးယားနားပြည်နယ်တခုတည်းမှာ ဒုက္ခသည်ဦးရေ ၂ သိန်းနီးပါးရှိနေပြီး၊ အများစုကတော့ ချင်းနဲ့ ဇိုမီးတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ ဒီဒုက္ခသည်မိခင်တွေရဲ့ ကလေးတွေဟာ အထက်တန်းကျောင်းကနေ ကောလိပ်ပညာ သင်ကြားလာကြတဲ့နှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်းကနေ ဒီနှစ် ၂၀၁၄ ခုနှစ်မှာတော့ ၇၂ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားခွင့်အတွက် ဘက်စုံ ကြိုးစားရုန်းကန်ခဲ့ကြရတဲ့ အတွေ့အကြုံတွေကို ပထမနှစ် ဆေးပညာအကြိုသင်တန်း တက်ခွင့်ရခဲ့တဲ့ ချင်းတိုင်းရင်းသူ Za Hmun ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

XS
SM
MD
LG