သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားဆွေးနွေးပွဲ တရက်ထပ်တိုး


အီရန်နျူကလီးယားအရေး ဆက်လက် ဆွေးနွေးနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဆွစ်ဇာလန်နိုင်ငံမှာ တရက်ဆက်ပြီး နေထိုင်ရဦးမှာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ တိုးတက်မှုတွေ ဆက်လက် ရရှိနေပေမဲ့ နိုင်ငံရေးသဘော တူညီမှုတရပ် မရနိုင်သေးဘူးလို့ နိုင်ငံခြားရေးပြောခွင့်ရ Marie Harf က Lausanne မြို့မှာ ပြောကြားလိုက်ပါတယ်။

ဒဏ်ခတ်မှုလျှော့ပေါ့တာကို တုံ့ပြန်သောအားဖြင့် အီရန်နျူကလီးယားအစီအစဉ် ဖြတ်တောက်ရေး သဘောတူညီချက်ဘောင်အတွက် ကျန်ရှိနေတဲ့ကိစ္စကို အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ဗုဒ္ဓဟူးနေ့ တနေ့လုံး ညှိနှိုင်းခဲ့ကြတာပါ။

နောက်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ အင်္ဂါနေ့ကို ကျော်လွန်လာခဲ့ပြီဖြစ်ပေမဲ့ ဆက်လက် ဆွေးနွေးသွားဖို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။

အပေးအယူကို အီရန်က သဘောမတူခင် နိုင်ငံတကာ ဒဏ်ခတ်မှု ရုပ်သိမ်းရေးအစီအစဉ်ကို ချခင်းပြဖို့ သူတို့အနေနဲ့ တောင်းဆိုထားကြောင်း အီရန်ညှိနှိုင်းရေးအကြီးအကဲ Abbas Araqchi က အီရန်ရုပ်မြင်သံကြားမှာ ပြောကြားသွားပါတယ်။

တရုတ်နိုင်ငံကတော့ နှစ်ဘက်စလုံး အပေးအယူလုပ် ညှိနှိုင်းကြဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG