သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူဆွေးနွေးပွဲ သောကြာနေ့အထိ ဆက်မည်


အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်တဲ့ အပြီးသတ် သဘောတူညီချက်ကို အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကြား ရယူနိုင်ရေး နောက်ထပ် အချိန်ယူ ဆွေးနွေးကြဖို့ အတွက် ယာယီသဘောတူညီချက်ကို သောကြာနေ့အထိ သက်တမ်းတိုးလိုက်တယ်လို့ အမေရိကန် ပြည်ထောင်စုက ဒီကနေ့ ပြောပါတယ်။

ဆွေးနွေးမှု အကြောင်းအရာတိုင်းမှာ ခိုင်မာတဲ့ တိုးတက်မှုတွေ ရှိပေမဲ့လို့ အခုကိစ္စက ဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ နိုင်ငံတွေ အားလုံးအတွက် အတိမ်းအစောင်း မခံတဲ့ လုပ်ထုံးလုပ်နည်းပိုင်းအရ အထူးသတိထားရမယ့် ကိစ္စ ဖြစ်တယ်လို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ပြောခွင့်ရ Marie Harf က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒီကိစ္စ အမြန်ပြီးသွားဖို့ထက် အနှစ်သာရပြည့်ဝတဲ့ သဘောတူညီမှုတရပ် ရရှိဖို့ကို ပိုပြီးတော့ အလေးထားတယ်လို့လည်း မစ္စ Harf ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဥရောပ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini ကလည်း နောက်ဆုံး သတ်မှတ်ချိန်နဲ့ ပတ်သက်လို့ ပြုလွယ်ပြောင်းလဲ ရှိတဲ့အကြောင်း၊ ညှိနှိုင်းရခက်တဲ့ ကိစ္စရပ်အတော်များများ ဆက်ပြီး ရှိနေသေးတာကြောင့် အပြီးသတ် သဘောတူညီချက် ရယူနိုင်ဖို့အတွက် လိုအပ်တဲ့ အချိန်ယူ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ အစောပိုင်းမှာ ပြောဆိုပါတယ်။

XS
SM
MD
LG