သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Washington Post သတင်းထောက် အီရန်မှာ သူလျှိုမှုနဲ့ စီရင်ချက်ချခံရ


အီရန်မှာ သူလျှိုမှုနဲ့ ထောင်ချခံရတဲ့ ဝါရှင်တန်ပို့စ် သတင်းထောက်ရဲ့မိခင် Mary Rezaian (ယာ) နဲ့ ဇနီး Yeganeh
အီရန်မှာ သူလျှိုမှုနဲ့ ထောင်ချခံရတဲ့ ဝါရှင်တန်ပို့စ် သတင်းထောက်ရဲ့မိခင် Mary Rezaian (ယာ) နဲ့ ဇနီး Yeganeh

ဝါရှင်တန်ပို့စ်သတင်းစာက သတင်းထောက် Jason Rezaian စီရင်ချမှတ်ခံရတဲ့အထဲမှာ သူလျှိုလုပ်မှုကြောင့်လည်း ပါဝင်တယ်လို့ အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက ပြောပါတယ်။

တရားသူကြီးအဖွဲ့က ပြောခွင့်ရသူ Gholam Hossein Mohseni Ejehi ရဲ့ ပြောဆိုမှုကို ကိုးကားပြောဆိုထားပေမယ့် လည်း သတင်းထောက် Rezaian နဲ့ သူ့ရဲ့ရှေ့နေတို့ဟာ အခုပြစ်ဒဏ်ချမှတ်ချက်အပေါ် ရက်ပေါင်း ၂ဝ အတွင်း အယူခံဝင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကလွဲလို့ စီရင်ချက်နဲ့ ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်ကိုတော့ ထည့်သွင်း ပြောဆိုထားတာတွေ မရှိပါဘူး။

သတင်းထောက် Rezaian လွတ်မြောက်ဖို့အတွက် ကြိုးစားပေးနေတဲ့ သတင်းထောက်ရဲ့ အကိုဖြစ်သူ Ali Rezaian ကတော့ အခုထွက်ပေါ်လာတဲ့ သတင်းဟာ လက်ခံလို့မရတဲ့ တရားစီရင်မှု အဆင့်ဆင့်ရဲ့ နောက်ဆုံး ရက်စက် ကြမ်းကြုတ်မှုပဲလို့ ဆိုပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာရဲ့ အယ်ဒီတာချုပ် Martin Baron ကလည်း ဒီစီရင်ချက်ဟာ လုံးဝ တရားမျှတမှုမရှိဘူးလို့ ပြောဆိုလိုက်ပြီး သတင်းစာတိုက်အနေနဲ့ သူ့ရဲ့အမှုကို ချက်ခြင်းအယူခံဝင်ဖို့အတွက် Rezaian ရဲ့ မိသားစုတွေ၊ သူ့ရဲ့ ဥပဒေအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG