သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်တပ်တွေ Tikrit မြို့ကို ထိုးစစ်ဆင်


အီရတ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ Shi'ite တိုက်ခိုက်ရေးသမားတွေပူးပေါင်းပြီး IS စစ်သွေးကြွတွေကို တိုက်ခိုက်နေစဉ်။ (မတ် ၂၊၂၀၁၅)
အီရတ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ Shi'ite တိုက်ခိုက်ရေးသမားတွေပူးပေါင်းပြီး IS စစ်သွေးကြွတွေကို တိုက်ခိုက်နေစဉ်။ (မတ် ၂၊၂၀၁၅)

လွန်ခဲ့တဲ့ဂျွန်လထဲ IS စစ်သွေးကြွတွေလက်ထဲ ကျရောက်ခဲ့ရတဲ့ အီရတ်နိုင်ငံ Tikrit တီကလစ်မြို့ကို ပြန်ရနိုင်ဖို့ အဲဒီမြို့နားမှာ အီရတ်တပ်ဖွဲ့တွေနဲ့ အခြားလက်နက်ကိုင် တပ်ဖွဲ့တွေပေါင်းပြီး IS စစ်သွေးကြွတွေကို ထိုးစစ်ဆင်နေပါတယ်။

ရှေ့တန်းစစ်မျက်နှာမှာ မြေပြင်တပ်တွေဘက်ပေါင်းစုံက ထိုးစစ်ချီလာနိုင်ပေမယ့် လမ်းဘေးထောင်ဗုံးတွေကြောင့် ထင်သလောက် ခရီးမပေါက်ဘူးလို့ တပ်မှူးတွေက ပြောပါတယ်။ ဒီစစ်ဆင်ရေးဟာ အကြီးမားဆုံးစစ်ဆင်ရေးဖြစ်ပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၃ သောင်းလောက် ပါဝင်သလို အခြား ရှီရိုက်တပ်တွေနဲ့ ကာ့ဒ်တပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။ အီရတ်လေတပ်ကလည်း ဗုးံကြဲတိုက်ခိုက်တာတွေ လုပ်ပေးနေပါတယ်။

တီကလစ်မြို့ကိုသာပြန်သိမ်းနိုင်ခဲ့ရင် မြေပြင်အနေအထားအရ အီရတ်ရဲ့ ဒုတိယအကြီးဆုံးမြို့လည်းဖြစ် IS တွေအတွက်လည်းအရေးပါနေတဲ့ Mosul မြို့ကို သိမ်းပိုက်ဖို့ ပိုနီးစပ်လာနိုင်မှာပါ။ တီကလစ်မြို့ဟာ အာဏာရှင်ဟောင်း ဆဒ္ဒန်ဟူစိန်ရဲ့ မွေးရပ်ဇာတိမြို့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG