သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UK စစ်အရာရှိ အချက်အလက်များ ဖောက်ထုတ်မည်ဟု IS ခြိမ်းခြောက်


ုူKabul ရှိ ဗြိတိန် လုံခြုံရေးတပ်သားများ
ုူKabul ရှိ ဗြိတိန် လုံခြုံရေးတပ်သားများ

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အချက်အလက်တွေကို အင်တာနက်ကနေ ထိုးဖောက်ခိုးယူထားပြီး ဗြိတိန်စစ်ဘက်အရာရှိတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖွင့်ချသွားမယ်လို့ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS က ပြောဆိုလိုက်ပါတယ်။

IS အင်တာနက်အွန်လိုင်းထိုးဖောက်မှုဌာန လို့ သူတို့ကိုယ်သူတို့ပြောတဲ့အဖွဲ့က အမေရိကန် စစ်ဘက်အရာရှိ ၇၀ ကျော်နဲ့ပတ်သက်တဲ့ ထိပ်တန်းစာရင်းတခုကို ဖွင့်ချခဲ့ပြီးတဲ့နောက် အခုတခါ ဗြိတိန်စစ်ဘက်အရာရှိတွေရဲ့စာရင်းတွေကို ဖွင့်ချမယ်လို့ ပြောလိုက်တာပါ။

ဗြိတိန်မှာရှိနေတဲ့ ညီအစ်ကိုတော်တွေဟာ လန်ဒန်က ဗြိတိန်ကာကွယ်ရေးဌာနထဲကို အချိန်ယူ ဝင်ရောက်ပြီး အချက်အလက်တွေကို ခိုးယူ ခဲ့ကြတာကနေ ရရှိလာတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်တွေကိုပါ ဒီတကြိမ်မှာ ဖွင့်ချသွားမယ်လို့ ဒီအဖွဲ့ရဲ့အွန်လိုင်းပေါ်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သူတို့အဖွဲ့ဟာ အင်္ဂလန် နဲ့ အမေရိကန်ပြည်ထောင်စုက အွန်လိုင်း အချက်အလက်တွေကို ဖြည်းဖြည်းချင်း လျှို့ဝှက် ဝင်ရောက် ခိုးယူခဲ့ကြတာလို့လည်း ဆိုပါတယ်။ IS အဖွဲ့ရဲ့ ခုလိုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မှန်ကုန်မှုရှိမရှိ သီးခြား အတည် မပြုနိုင်သေးသလို အမေရိကန်နဲ့ ဗြိတိန်အစိုးရ အရာရှိတွေကလည်း ဒီအပေါ် မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆန်ထား ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက IS အဖွဲ့ ဖွင့်ချခဲ့တဲ့ အမေရိကန် စစ်ဘက်အရာရှိတွေနဲ့ ပတ်သက်တဲ့ စာရင်းဟာ စစ်ရေးစာစောင်တွေနဲ့ သတင်းဆောင်းပါးတွေလို သတင်းတွေထဲက အများသိ အချက်အလက်တွေကို စုဆောင်းဖော်ပြထားတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေကတော့ ပြောဆိုထားပါတယ်။

XS
SM
MD
LG