သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် Navy SEAL တဦး အီရတ်မှာ ကျဆုံး


အီရတ်ရှိ အမေရိကန်တပ်များ
အီရတ်ရှိ အမေရိကန်တပ်များ

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အစွန်းရောက်စစ်သွေးကြွ IS အဖွဲ့က ကာ့ဒ် Peshmerga တပ်ဖွဲ့စခန်းတခု တိုက်ခိုက်ခဲ့တာမှာ U.S. Navy SEAL အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ဝင်တဦး အင်္ဂါနေ့က ကျဆုံးသွားခဲ့ပါတယ်။

Peshmerga တပ်ဖွဲ့တွေ တိုက်ခိုက်ခံရချိန်မှာ (စတုတ္ထမြောက်) Charles Keating ဟာ Mosul မြို့ မြောက်ပိုင်းက Peshmerga တပ်ဖွဲ့တွေကို စစ်ရေးအကြံဉာဏ်တွေနဲ့ အကူအညီတွေ ပေးနေတာဖြစ်တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ Keating ဟာ ဆိုရင် နံမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးရဲ့ မြေးပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက အမေရိကန် ငွေစုငွေချေးလုပ်ငန်းကြီးတွေ ကျရှုံးခဲ့ရတဲ့ အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး Keating ရဲ့ မြေးဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့တွေရဲ့ IS အဖွဲ့ချေမှုန်းရေး စစ်ဆင်ရေးစတင်ခဲ့ဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ အီရတ်မှာ တတိယမြောက် အမေရိကန်စစ်သည်တဦး သေဆုံးတာ ဖြစ်ပါတယ်။

IS စစ်သွေးကြွတွေဟာ Mosul မြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းအရပ်တွေမှာ ရှိတဲ့ ကာ့ဒ်တပ်ဖွဲ့တွေရဲ့ ရှေ့တန်းနေရာ အများအပြားကို အင်္ဂါနေ့ အရုံတက်ချိန်မှာ ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတာပါ။ ကာ့ဒ်တပ်ဖွဲ့တွေဟာ အမေရိကန်ညွှန့်ပေါင်း အဖွဲ့ရဲ့ လေကြောင်းအကူနဲ့အတူ စစ်ရေးအကြံပေး အရာရှိတွေရဲ့ အကူအညီတွေကို ရယူနေရတာဖြစ်ပါတယ်။

အင်္ဂါနေ့က IS အဖွဲ့ တိုက်ခိုက်ခဲ့တဲ့ မြို့နှစ်မြို့ကို နောက်ပိုင်းမှာတော့ ကာ့ဒ်တပ်ဖွဲ့တွေက ပြန်လည် ရှင်းလင်း ထိန်းသိမ်း ထားနိုင်ခဲ့တယ်လို့ ကာ့ဒ်အဖွဲ့က ပြောပါတယ်။ ညွှန်ပေါင်းအဖွဲ့ရဲ့ လေကြောင်းအကူအညီနဲ့ IS အဖွဲ့ဝင် ၈၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး တိုက်ခိုက်မှုတွေတွင်း IS အဖွဲ့သုံးခဲ့တဲ့ ယာဉ် ၂၅ စီးကိုလည်း ရှင်းလင်းခဲ့တယ်လို့ ကာ့ဒ်ဒေသလုံခြုံရေးကောင်စီက တွီတာ လူမှုကွန်ရက်ကနေ တဆင့် ပြောဆိုပါတယ်။ ဒီ ထိခိုက်သေဆုံးမှုစာရင်း မှန် မမှန်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG