သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vatican ကို တိုက်နိုင်ဖွယ် ရှိသူတွေ အီတလီ ဖမ်းဆီး


Vatican ကို တိုက်နိုင်ဖွယ်ရှိသူတွေ အီတလီ ဖမ်းဆီး။
Vatican ကို တိုက်နိုင်ဖွယ်ရှိသူတွေ အီတလီ ဖမ်းဆီး။

အကြမ်းဖက်သမားလို့ သံသယရှိသူ ကိုးဦးကို အီတလီရဲတပ်ဖွဲ့က သောကြာနေ့မှာ ဖမ်းလိုက်ပြီး နောက်ထပ် ကိုးယောက်ကို လဲ လိုက်ရှာနေပါတယ်။ ပါကစ္စတန်က တိုက်ခိုက်မှုတွေနဲ့ ဗာတီကန်နန်းတော်ကို တိုက်ခိုက်နိုင်ခြေ အစီအစဉ်တခုနဲ့ ချိတ်ဆက်နေ တယ်လို့ ယူဆသူတွေကို ဖမ်းဆီး ရှာဖွေတာပါ။

နိုင်ငံတဝန်းမှာလုပ်တဲ့ စစ်ဆင်ရေးအတွက် ဖမ်းဆီးထားသူနဲ့ ရှာဖွေနေသူ အားလုံးဟာ ပါကစ္စတန်နဲ့ အာဖဂန်လူမျိုးတွေ ဖြစ်တယ် လို့ အီတလီရဲကပြော ပါတယ်။ အဲဒီလူတွေဟာ အယ်လ်ကိုင်းဒါး အကြမ်းဖက် ကွန်ယက်နဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိသူတွေ ဒါမှမဟုတ် အယ်လ်ကိုင်းဒါးရဲ့ အယူဝါဒပေါ် ယုံကြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ရည်မှန်းတခုအဖြစ် ယူဆရတာက တော့ ပါကစ္စတန်အစိုးရကို ပုန်ကန်ထကြွမှု တခု ပေါ်ပေါက်ဖို့ဖြစ်တယ်လို့လဲ ပြောပါတယ်။

နှစ်ပေါင်းများစွာ စုံစမ်း ထောက်လှမ်းထားတာနဲ့ တယ်လီဖုန်းပြောဆိုချက်တွေ ကို စောင့်ကြည့်နားထောင်ထားတာတွေအရ ဗာတီ ကန်နန်းတော် ဒါမှမဟုတ် ပုပ်ရဟန်းမင်းကိုတောင်မှ ပစ်မှတ်ထား တိုက်ခိုက်ဖို့ရှိတယ်ဆိုတာ ပြနေတယ်လို့ အီတလီအစိုးရရှေ့နေ Mauro Mura က Sardinia မြို့မှာ သတင်းထောက်တွေကို သောကြာနေ့ကပြောပါတယ်။

တိုက်ခိုက်ဖို့ကြံတဲ့ အဲဒီပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်လူမျိုးတွေထဲမှာ အသေခံဗုံးခွဲသူဖြစ်မယ့် လူနှစ်ယောက်တောင် ပါခဲ့ဖူးသေး ပေမဲ့ သူတိုကွန်ယက်ကို ရဲကစောင့်ကြည့်နေတယ်ဆိုတာ သိပြီးတဲ့နောက် အီတလီကနေထွက်သွားကြပါတယ်။

ပုပ်ရဟန်းမင်းကိုတိုက်ခိုက်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အထောက်အထား တိတိကျကျတော့ မရှိဘူးလို့ ရဲတပ်ဖွဲ့ စုံစမ်း ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG