သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်အရေး မလေးရှားနဲ့ ဂျပန်ဆွေးနွေး


 Shinzo Abe attend a joint press conference at Abe တို့ကို ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (မေ ၂၅၊ ၂၀၁၅)
Shinzo Abe attend a joint press conference at Abe တို့ကို ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (မေ ၂၅၊ ၂၀၁၅)

ရိုဟင်ဂျာ ရွှေ့ပြောင်းအခြေချသူတွေ ကြုံတွေ့ရတဲ့ဘေးဒုက္ခဟာ နိုင်ငံတကာအဖြေရှာဆောင်ရွက်ရမယ့် နိုင်ငံတကာပြဿနာတရပ်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် Najib Razak က တနင်္လာနေ့က တိုကျိုမြို့တော်မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံပြီးနောက် ပြောကြားလိုက်ပါတယ်။

“အခုလို အခါအခွင့်သင့်တဲ့အချိန်မှာ ကျနော်တို့ကြုံတွေ့နေရတဲ့စိန်ခေါ်မှုအကြောင်းကို ပြောချင်ပါတယ်။ အဲဒါကတော့ လှေစီးပြေး ရိုဟင်ဂျာတွေကိစ္စဖြစ်ပါတယ်။ ဒီကာလမှာ အာဆီယံအနေနဲ့ အဖြေရှာနိုင်ဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံတကာ ပြဿနာဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့လည်း အဖြေရှာဖို့လိုပါလိမ့်မယ်။ ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့လည်း တနည်းတလမ်းကနေ အကူအညီပေးနိုင်မယ်ဆိုရင်ဝမ်းပမ်းတသာ ကြိုဆိုပါတယ်။”

မြန်မာနိုင်ငံမှာဖိနှပ်ခံရမှုကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က ဆင်းရဲနွမ်းပါးတဲ့ ရွှေ့ပြောင်းအခြေချသူတွေဟာ သူတို့ နေရပ်ကနေ မလေးရှားလို နိုင်ငံမျိုးတွေဆီကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ လွတ်လပ်တဲ့ဘဝတွေကိုရှာဖွေဖို့ ပိုမိုကောင်းမွန်တဲ့ နေရာကို ရှာဖွေဖို့သူတို့တွေအများစုဟာ လူမှောင်ခိုကူးသူတွေရဲ့လက်ထဲကိုသားကောင်အဖြစ်ရောက်ရှိခဲ့ကြတာပါ။

နိုင်ငံတကာရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုနဲ့ သတင်းမီဒီယာတွေရဲ့စုံစမ်းဖေါ်ထုတ်မှုတွေကြောင့် မကြာသေးခင်သီတင်းပတ်တွေက အရှေ့တောင် အာရှဒေသအစိုးရတွေရကနေ လူမှောင်ခိုကူးဂိုဏ်းတွေကို ရှာဖွေနှိမ်နင်းအရေးယူခဲ့ပါတယ်။ ဒါကြောင့် လူမှောင်ခိုကူးသူတွေဟာ အဖမ်းအဆီးတွေကို ရှောင်ရှားနိုင်ဖို့ ကုန်းပေါ်ရှိတဲ့စခန်းတွေနဲ့ ပင်လယ်ပြင်မှာရှိတဲ့စက်လှေတွေကို စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေလို့ ယုံကြည်ရသူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ နေရာ (၃၀)ကိုမေလ (၂၄) ရက်နေ့က ထိုင်းနိုင်ငံနဲ့ကပ်လျက် မလေးရှားနယ်စပ်မှာစတင်တွေ့ရှိခဲ့ပြီး တနင်္လာနေ့မှာ နောက်ထပ် နေရာ (၁၃၉) နေရာကိုထပ်မံတွေ့ရှိခဲ့တာပါ။

ထိုင်းကနေတဆင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေဆီသွားရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ ဒီရွှေ့ပြောင်းအခြေချသူတွေ အပြည့်တင်ဆောင်လာတဲ့ စက်လှေတွေဟာဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာမျောနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေထွက်ပေါ်ခဲ့ပါတယ်။

ဂျပန်နဲ့မလေးရှားဝန်ကြီးချုပ်နှစ်ဦးတွေ့ဆုံရာမှာ တောင်တရုတ်ပင်လယ်ပြင်ရေပိုင်နက်ပြသနာကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေဖို့ သဘောတူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဂျပန်နိုင်ငံကိုရောက်ရှိခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် Najib အင်္ဂါနေ့မှာ ဂျပန်မြောက်ပိုင်းမှာရှိတဲ့ တက္ကသိုလ်တခုမှာ ဟောပြောပို့ချပြီးတဲ့နောက်သူ့ရဲ့သုံးရက်ကြာခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

XS
SM
MD
LG