သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုကီနာဝါ ကန် စစ်စခန်း ဂျပန် ဆိုင်းငံ့


အိုကီနာဝါကျွန်း။
အိုကီနာဝါကျွန်း။

ဂျပန် ဝန်ကြီးချုပ် Shinzo Abe က အိုကီနာဝါကျွန်းမှာ အမေရိကန် ရေတပ် အခြေစိုက်စခန်း ရွှေ့ပြောင်း ချထားမယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ နဲ့ သူ့အစီအစဉ်ကို လက်မခံပဲ ကန့်ကွက်နေတဲ့ ဒေသ အစိုးရနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ တရားရုံးက ကြားဝင်အဆိုပြု ပေးခဲ့တာကို လက်ခံလိုက်ရင်း အခုလို ဆိုင်းငံ့မယ့်အကြောင်း ကို သောကြာနေ့မှာ ကြေညာ ခဲ့တာပါ။

ဂျပန်ဗဟို အစိုးရနဲ့ အိုကီနာဝါ ဒေသအာဏာပိုင်တွေကြား ဒီကိစ္စနဲ့ ပါတ်သက်ပြီး အငြင်းပွါးမှုတွေ ဖြစ်ပွါးနေတာပါ။Abe အစိုးရက Futenma လေတပ် အခြေစိုက်စခန်း ကို အိုကီနာဝါ ကျွန်းက လူဦးရေ သိပ်မထူထပ်တဲ့ နေရာတနေရာမှာ ပြောင်းရွှေ့ ထားရှိဖို့ လိုလားနေတာပါ။ အဲဒီကျွန်းမှာ တခြား အမေရိကန် စစ်စခန်းတွေလည်း ချထားတာ ဖြစ်ပါတယ်။

ဒေသအာဏာပိုင်တွေကတော့ အခြေစိုက်စခန်းကို ဖယ်ပစ်ချင်နေကြတာပါ။ အိုကီနာဝါ ဒေသခံတွေကလည်း အမေရိကန် မရိန်းတပ်တွေ ရှိနေရင် လူပိုများလာပြီး ရာဇဝတ်မှုခင်းတွေ တိုးလာတယ်လို့ ဆိုပြီး မလိုလားကြောင်း ပြောကြပါတယ်။

XS
SM
MD
LG