သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ချောင်းတစ်ချောင်းသာရှိသူ ဧဝရက်တောင်တက်


ဧဝရက်တောင်ထိပ်ရောက်ဖို့ ငါးကြိမ်မြောက် ကြိုးစားနေတဲ့ ဂျပန်တောင်တက်သမား Nobukazu Kuriki (သြဂုတ် ၂၃၊ ၂၀၁၅)
ဧဝရက်တောင်ထိပ်ရောက်ဖို့ ငါးကြိမ်မြောက် ကြိုးစားနေတဲ့ ဂျပန်တောင်တက်သမား Nobukazu Kuriki (သြဂုတ် ၂၃၊ ၂၀၁၅)

ဂျပန်တောင်တက်သမားတဦးဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို တဦးတည်းတက်ဖို့ ၅ ကြိမ်မြောက် ကြိုးပမ်းမှုကို စနေနေ့ကပဲ စတင်လိုက်ပါတယ်။

အရင်က ဧဝရက်တောင်ထိပ်ကို ရောက်ဖို့ ကြိုးပမ်းခဲ့ရာမှာတော့ နိုဘူကာဇူ ကူရီကီ (Nobukazu Kuriki) ဟာ နှင်းကိုက်တဲ့ဒဏ်ကြောင့် လက်ချောင်း ၉ ချောင်း ဆုံးရှုံးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ဧပြီလထဲ ငလျင်လှုပ်ခတ်မှုကြောင့် တောင်ပေါ်ကနေ ရေခဲတုံးတွေ ပြိုကျရာက တောင်ခြေစခန်းမှာ လူ ၁၈ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ဒီနှစ်မှာ ဧဝရက်တောင်ကို တက်ဖို့ ကြိုးစားတာကတော့ သူတဦးပဲရှိပါသေးတယ်။

ငလျင်ဒဏ်ကြောင့် ၈,၈၄၈ မီတာမြင့်တဲ့တောင်ထိပ်ကို တက်နိုင်ဖို့ ကြိုးပမ်းမှုတွေကို ရာပေါင်းများစွာသော တောင်တက်သမားတွေ စွန့်လွှတ်ခဲ့ကြတဲ့အတွက်လည်း ဒုတိယအကြိမ် နွေဦးပေါက်ရာသီမှာ ဧဝရက်တောင်ထိပ်ကို တက်နိုင်တဲ့သူ မရှိသေးဘဲ ဖြစ်နေပါတယ်။

XS
SM
MD
LG