သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာဒုက္ခသည်တွေကို ဒေါ်လာ ၄၅ သန်း ကန် ကူညီမည်


နိုင်ရိုဘီ၊ ဆန်ကာရာဟိုတယ်လ် သတင်းစာရှင်းလင်းပွဲမှာ ကင်ညာဒုက္ခသည်တွေကို အကူအညီပေးရေး ပြောနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (မေ ၄၊ ၂၀၁၅)
နိုင်ရိုဘီ၊ ဆန်ကာရာဟိုတယ်လ် သတင်းစာရှင်းလင်းပွဲမှာ ကင်ညာဒုက္ခသည်တွေကို အကူအညီပေးရေး ပြောနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (မေ ၄၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုက အာဖရိကအတွက် ကူညီထောက်ပံ့မှုအသစ် ဒေါ်လာသန်းပေါင်းများစွာ ပေးဖို့ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တနင်္လာနေ့ ကင်ညာနိုင်ငံ Nairobi မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ကင်ညာနိုင်ငံမှာရှိနေတဲ့ ဒုက္ခသည် (၆) သိန်းအတွက် အကူညီပေးနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို ထပ်တိုး ကူညီပံ့ပိုးမှုအဖြစ် အမေရိကန်ဒေါ်လာ ၄၅ သန်းပေးမယ်လို့ ဝန်ကြီး John Kerry က ပြောပါတယ်။ ဒုက္ခသည်တွေကို လက်ခံ ကူညီပေးနေတဲ့အတွက် ကင်ညာအစိုးရကိုလည်း ချီးကျူးလိုက်ပါတယ်။

တနင်္လာနေ့ မနက်စောစောပိုင်းမှာ ဝန်ကြီးကယ်ရီဟာ Nairobi မှာရှိတဲ့ အမေရိကန်သံရုံးကို ၁၉၉၈ ခုနှစ်က ဗုံးခွဲတိုက်ခိုက်ခံရစဉ်နဲ့ နောက်ပိုင်း မကြာခင်က အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့သူတွေကို ဂုဏ်ပြုစကားပြောကြားခဲ့သလို အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဆက်လက်ကူညီသွားမှာ ဖြစ်တယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

မစ္စတာကယ်ရီဟာ သံရုံးဗုံးခွဲတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေအတွက် အမှတ်တရ ပြုလုပ်ထားတဲ့နေရာမှာ ပန်းခွေချခဲ့ပြီး အကြမ်းဖက်သမားတွေဟာ ကျဆုံးကြရမှာဖြစ်သလို အနာဂတ်မှာ သူတို့အတွက် နေရာမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ တိုက်ခိုက်မှုတွေ အကြိမ်များစွာ ပြုလုပ်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ Nairobi မှာရှိတဲ့ Westgate Mall ကို စီးနင်းသိမ်းပိုက်ခဲ့သလို ပြီးခဲ့တဲ့လအတွင်း Garrisa တက္ကသိုလ်ကို တိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG