သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မှာ အားလုံးပါအောင် အစိုးရ ကြိုးစားဖို့ KNU တိုက်တွန်း


KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် (ဇူလိုင် ၂၂၊ ၂၀၁၅)
KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် (ဇူလိုင် ၂၂၊ ၂၀၁၅)

အောက်တိုဘာလ ၁၅ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးရာမှာ အဖွဲ့အားလုံးမပါဝင်တဲ့အတွက် တကယ့်ငြိမ်းချမ်းရေး အတွက် အကောင်အထည်ဖေါ်ဖို့ ခက်ခဲနိုင်တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။

ဒီလက်မှတ်ရေးထိုးရာမှာ တအောင်း/ပလောင်း၊ ကိုးကန့်နဲ့ AA ရခိုင့်တပ်မတော်တို့အပါအဝင် အားလုံးပါဝင်ပြီးလက်မှတ်ထိုးနိုင်အောင် အစိုးရ ဘက်က ကြိုးစားဖို့လိုတယ်လို့ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဗွီအိုအေကိုပြောပါတယ်။

မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ နော်စီဖိုးရာစိန်က အခုလို စပြောပါတယ်။

ဖြေ။ ။ ကျမအနေနဲ့ကတော့ တိုင်းရင်းသားတွေအားလုံးပါဝင်ဖို့ ဘယ်လိုပုံစံနဲ့ ပါဝင်နိုင်မလဲပေါ့လေ။ ဘာဖြစ်လဲဆိုတော့ အရင်ကတော့ (၃) ဖွဲ့-အထူးသဖြင့်ကတော့ တအာင်းဝ်၊ ကိုးကန့်နဲ့ AA တို့ အဖွဲ့သုံးဖွဲ့ကတော့ မဟာမိတ်အနေနဲ့ ဖြစ်ကြ ပြီးတော့ ပူးပေါင်းလုပ်ဆောင်ကြတာ ဖြစ်တယ်လေ။ အဲဒီအပေါ်မှာ အားလုံးက သူတို့လည်းပါဝင်ဖို့ တနည်းတလမ်းပေါ့လေ၊ သူတို့လည်းပါဝင်နိုင်ဖို့ အစိုးရက လုပ်ဖို့လိုတာပေါ့။

မေး ။ ဆရာမတို့ အခု (၈) ဖွဲ့နဲ့ ပထမဦးဆုံး စပြီးတော့ အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်ရတဲ့အနေအထားကရော ဘာကြောင့်လဲဆိုတာ ရှင်းပြလို့ရမလားရှင့်။

ဖြေ။ ။ လက်မှတ်သွားထိုးတဲ့ (၈) ဖွဲ့ကတော့ သဘောထားကတော့ အစိုးရလက်ထက်မှာပဲ လက်မှတ်ထိုးနိုင်တယ်။ လက်မှတ်ထိုးလို့ရတယ်ပေါ့၊ အဲဒါ လက်မှတ်ထိုးမှပဲ ဖြစ်တဲ့ပုံစံပေါ်မှာကတော့ ဒါကိုရွေးချယ်ရမှာဖြစ်တယ်။ မဟုတ်လို့ရှိရင်လည်း အဲဒီမကြာခင်မှာ election ရွေးကောက်ပွဲမတိုင်ခင်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကပဲ ဒီ (၈) ဖွဲ့ကလည်း ဒါလည်း ဟိုဥစ္စာ - ဒီလက်မှတ်ထိုးရင်လည်း ကောင်းမယ်၊ ပြီးတော့ အချိန်ရယ်၊ အခုအချိန်မှာလည်း ဒီလို ထိုးလို့ ရှိရင်လည်း ဒါကိုလည်း အော် အဆင်ပြေမယ်ပေါ့။

မေး ။ အခု လက်ရှိအနေအထားကိုရော ဘယ်လိုမြင်လဲရှင့်၊ အားလုံးပါဝင်နိုင်ရေး လက်မှတ်ထိုးဖို့ကိစ္စမှာ အစိုးရဘက်က တကယ် လုပ်နေတာလား။ ဆရာမအနေနဲ့ကျတော့ ဘယ်လို သုံးသပ်သလဲရှင့်။

ဖြေ။ ။ ကျမအနေနဲ့ သုံးသပ်တာကတော့ တကယ်လို့ အရင်က သူတို့လုပ်ဆောင်တဲ့ဟာကို ပေါ့လေနော်၊ အဲဒါမှာ အားလုံးက ပါတဲ့ အခါမှာကျတော့ အဲဒါက တိုက်ပွဲလည်း မဖြစ်ဘူးဆိုတော့ ပြဿနာမရှိဘူးပေါ့။ တိုက်ပွဲရှိတဲ့အခါမှာ ဒါကတော့ စိုးရိမ်မှုတွေ ရှိတာပေါ့။ တိုင်းရင်းသားတွေ ကတော့ သူတို့ ဒါကို ဆက်လက် လုပ်မယ့် ဥစ္စာကတော့ ဟိုဥစ္စာ -တိုက်ပွဲက ဆက်လက် ဖြစ်တဲ့အခါမှာ၊ ဥပမာ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့အပေါ်မှာကတော့ လက်မှတ်ထိုးဖို့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် အနှောင့်အယှက် ဖြစ်ရပါတယ်။

မေး ။ ဆရာမတို့ဘက်ကရော လက်မှတ်ထိုးပြီးလိုက်တာနဲ့ KNU - ကရင်ပြည်သူတွေအတွက်ကော ဘာတွေ အလားအလာတွေရှိနိုင်လဲ၊ အဲဒီ အပိုင်း ကျတော့ရော ပြောလို့ရမလားရှင့်။

ဖြေ။ ။ ကျမအနေနဲ့ကတော့ အခက်အခဲရှိတာပေါ့လေ၊ ဒါ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးက အဲဒါလည်း အားလုံးမပါတဲ့၊ အားလုံး မပါနိုင်ဘူးပေါ့လေ၊ အားလုံးမပါနိုင်တဲ့အတွက်ကြောင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလည်း ဖြစ်တယ်၊ ဒါပေမယ့် ထိုးမယ်။ ဒါပေမယ့် အားလုံးမပါဘူးဆိုရင်လည်း အကောင်အထည်ဖော်တာက တချို့တွေကတော့ အခက်အခဲရှိတာပေါ့။ ဘာဖြစ်လဲဆိုတော့ COC တို့ဘာတို့ ကတော့ ကြည့်မယ်ဆိုရင် လက်မှတ်ထိုးတဲ့ အဖွဲ့တွေကတော့ - အထူးသဖြင့် စစ်တပ်တွေကတော့ ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ဟို ဥစ္စာက အဖွဲ့အစည်းကြီးတွေတောင် မဟုတ်တော့ဘူးဆိုရင် COC နဲ့ ပတ်သက်တဲ့ ceasefire code of conduct နဲ့ ပတ်သက်တဲ့ဟာကို ပြန်ရေးဆွဲမယ်ဆိုရင်လည်း အားလုံးပါဝင်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပေါ့။

ဒါကတော့ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် ပြောပြသွားတာပါ။

တိုင်းရင်းသား လက်နက်ကိုင် (၁၇) ဖွဲ့ထဲက အောက်တိုဘာလ (၁၅) ရက်နေ့မှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူညီခဲ့တဲ့ အဖွဲ့တွေကတော့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသား တပ်ဦး CNF၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတို့ ဖြစ်ပါတယ်။ ကျန် ဆယ်ဖွဲ့ကတော့ NCA မှာ လက်မှတ်ရေးထိုးဖို့ သဘောတူညီထားခြင်း မရှိသေးပါဘူးရှင်။

XS
SM
MD
LG