သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်မြောက်ပူးတွဲ စက်မှုဇုံ တောင်ကိုရီယားဘက် ပိတ်ပင်


တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လုပ်ကိုင်နေတဲ့ စက်မှုဇုံ
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လုပ်ကိုင်နေတဲ့ စက်မှုဇုံ

မြောက်ကိုရီးယား နိုင်ငံက မကြာသေးခင်ကဘဲ နျူးကလီးယား စမ်းသပ်မှုနဲ့ ဒုံးပျံ ပစ်လွှတ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လုပ်ကိုင်နေတဲ့ စက်မှုဇုံရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို ဆိုင်းငံ့ တယ်လို့ တောင်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

ကေဆန်း စက်မှုဇုံက ဝင်ငွေတွေကို မြောက်ကိုရီးယား နိုင်ငံက သူ့ရဲ့ နျူးကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံး ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ အသုံးပြုမယ့်အရေးကနေ ကာကွယ်နိုင်ဖို့ တောင်ကိုရီးယား အစိုးရက အခုလိုဆောင်ရွက် တာဖြစ်တယ်လို့ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီး Hong Yong-pyo က သတင်းထောက်တွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ကိုရီးယားတို့ လွှတ်တင်လိုက်တဲ့ တာဝေးပစ် ဒုံးပျံကတော့ အရင် လွှတ်တင်ခဲ့တဲ့ ဒုံပျံကို ပြန်ပြီး လွှတ်တင်တာ ဖြစ်နိုင်တယ်လို့ စစ်တပ်အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုကြပါတယ်။ ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံက ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုလို့ ပြောဆိုတဲ့ အရာဝတ္ထုကို ကမ္ဘာပတ် လမ်းကြောင်းထဲကို ပို့လွှတ်ခဲ့ပြီး ဒီလွှတ်တင်မှု ကလည်း အောင်မြင်ခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးပျံ လွှတ်တင်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး ခြုံငုံ ဆန်းစစ်ချက် အရတော့ အဆင့်သုံးဆင့်ပါ ဒုံးပျံဟာ အဆင့်တိုင်းကို အောင်အောင်မြင်မြင် ပျံသန်းခဲ့ပြီး အာကသထဲကို ဂြိုဟ်တုကို ပို့ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက မနေ့ အင်္ဂါနေ့က ပြောဆိုပါတယ်။ အမေရိကန် မဟာဗျူဟာ ညွှန်ကြားမှု ဌာနရဲ့ ပူးတွဲ အာကာသ စီမံခန့်ခွဲမှုဆိုင်ရာ စင်တာကတော့ ကမ္ဘာပတ် လမ်းကြောင်းထဲက ဂြိုဟ်တုနဲ့ ဒုံးပျံ ကိုယ်ထည်ကို ထောက်လှမ်းစောင့် ကြည့်နေတယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောဆိုထားပါတယ်။

အခုဒုံးပံျ လွှတ်တင်မှုက အောင်မြင်တယ်ဆိုပေမဲ့လည်း အရင်ကလည်း အလားတူ အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ဖူးတာပါ။ တနင်္ဂနွေနေ့က မြောက်ကိုရီးယားတို့ ဒုံးပျံ လွှတ်တင်တာဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ဒုံးပျံတစင်း အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ဖူးတဲ့ အတိုင်းပဲဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG