သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ်ဟောင်း ရုပ်အလောင်း ပါလီမန်မှာ ခင်းကျင်းပြသ


စင်္ကာပူနိုင်ငံကိုထူထောင်ခဲ့သူ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု (Lee Kuan Yew) အတွက် အခုသီတင်းပတ်ကို စင်္ကာပူနိုင်ငံမှာ ဝမ်းနည်းကြေကွဲဖွယ်ကာလ သတ်မှတ်ထားပြီး သူ့ရဲ့ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသထားမှာ ဖြစ်ပါတယ်။

မစ္စတာလီရဲ့မှန်ခေါင်းကို လက်နက်တင်ယာဉ်နဲ့ သမ္မတနေအိမ်ကနေ လွှတ်တော်ကို သယ်ယူသွားစဉ် ဝမ်းနည်းပူဆွေးနေသူ ထောင်နဲ့ချီပြီး စင်္ကာပူမြို့ လမ်းမတွေပေါ်ကနေ ဂါရဝပြုကြပါတယ်။

မစ္စတာလီရဲ့ ရုပ်အလောင်းကို တနင်္ဂနွေနေ့ နိုင်ငံတော်အခမ်းအနားနဲ့ ဈာပနမကျင်းပခင်အချိန်အထိ အများပြည်သူ ကြည့်ရှု ဂါရဝပြုနိုင်အောင် ပြသထားမှာဖြစ်ပြီး၊ ကမ္ဘာတဝှမ်းက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေလည်း လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

၁၉၅၉ ခုနှစ်ကနေ ၁၉၉၀ အထိ စင်္ကာပူနိုင်ငံကို အုပ်ချုပ်ခဲ့သူ မစ္စတာလီဟာ အဆုတ်ရောင်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပြီး တနင်္လာနေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၁ နှစ်ရှိပါပြီ။

စင်္ကာပူကို ဗြိတိသျှကိုလိုနီ လက်အောက်ကနေ လွတ်မြောက်အောင်လုပ်ပြီး ပထမဆုံး စင်္ကာပူဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မစ္စတာလီဟာ သူအနားယူခဲ့ပြီးတဲ့နောက်ပိုင်း နှစ်ပေါင်း ၃၀ အထိ နိုင်ငံတိုးတက်အောင် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

မစ္စတာလီဟာ စင်္ကာပူနိုင်ငံကို ခေတ်မီတိုးတက်ပြီး သာယာဝပြောတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်အောင် အုတ်မြစ်ချခဲ့သူအဖြစ် ဂုဏ်ပြုတာကို ခံခဲ့ရပေမဲ့ သူဟာ အာဏာရှင်တယောက်လို အုပ်ချုပ်ခဲ့တယ်လို့ ဝေဖန်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။

XS
SM
MD
LG