သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစီမံကိန်းနဲ့ တရုတ်အတွက်သင်ခန်းစာ


တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးအတွက် အသုံးပြုနေသော ကားများကို ရဲတွေက အကာအကွယ်ပေးနေစဉ်
တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးအတွက် အသုံးပြုနေသော ကားများကို ရဲတွေက အကာအကွယ်ပေးနေစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်စတင်တဲ့အပေါ်

ဒေသခံပြည်သူတွေ ကန့်ကွက်ဆန္ဒပြတာနဲ့ ပတ်သက်လို့

တရုတ်ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်း ဥပဒေတွေကို လေးစားလိုက်နာဖို့ တရုတ်အစိုးရက အမြဲပဲတိုက်တွန်းနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ် Lu Kang ကတနင်္လာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အငြင်းပွားစရာဖြစ်နေတဲ့ လက်ပံတောင်းကြေးနီစီမံကိန်းမှာ အဓိကဖြစ်နေတဲ့ ပြဿနာကဘာလဲ၊ ဒါကိုဘယ်လိုဖြေရှင်းသင့်သလဲ။ ဝါရှင်တန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun ကိုဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

ဒီစီမံကိန်းရဲ့ အဓိကပြဿနာနဲ့ပတ်သက်လို့ Yun Sun ရဲ့အမြင်ကတော့

“မြန်မာဘက်ကကြည့်ရင် ဒီစီမံကိန်းသဘောတူညီချက်စာချုပ်ဟာ ဒေသခံတွေအတွက် တရားမျှတမှုမရှိဘူးဆိုတာတွေ့ရပါလိမ့်မယ်။ သူတို့မြေတွေသိမ်းခံရတဲ့အတွက် လျော်ကြေးပေးတာ၊ နောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိူးတွေ စတာတွေဟာ မြန်မာဘက်ကကြည့်ရင် ပြဿနာတွေအပြည့်ပါပဲ။

တရုတ်ဘက်က အမြင်မှာတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ သူတို့မြင်တာကတော့ ဒေသခံတွေရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကြောင့် ဒီစီမံကိန်းကို ကုမ္ပဏီဘက်က ဘယ်လိုပဲ ပြင်ဆင်ညှိုနှိုင်းတာတွေပဲ လုပ်လုပ် ဒေသခံတွေက ဒါတွေကို ဂရုစိုက်မှာမဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။”

NLD အစိုးရသစ်လက်ထက်မှာ တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာချက်တွေနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုကို ဒီသတင်းပတ်အတွင်း တင်သွင်းဖို့ရှိနေတာပါ။ လွှတ်တော်အနေနဲ့ အရင် ၂၀၁၃ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ် ရေးကော်မရှင် ရဲ့တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို အရင်ဆုံးအဆုံးသတ်သင့်တယ်လို့မြင်ကြောင်း Yun Sun ကပြောပါတယ်။

“၂၀၁၂-၂၀၁၃ခုနှစ်လောက်မှာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီစီမံကိန်းကို စုံးစမ်းစစ်ဆေးဖို့ လွှတ်တော်ကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေ အရ ကြေးနီစီမံကိန်း ကို ပြင် ဆင်ပြုပြင်သင့်တဲ့အချက်တွေနဲ့အတူ ဆက်ပြီးလုပ်နိုင်တယ်လို့ အကြံပြုထား တာပါ။ ဒီတော့ အရင်မြန်မာလွှတ်တော်သက်တမ်းကာလအတွင်း သဘောတူညီချက်ရထားပြီးပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ လည်း ပြင်ဆင်စ ရာရှိတာတွေကို ပြင်ဆင်ပြီးတဲ့နောက် ဒီစီမံကိန်းကို ပြန်စနိုင် တယ်လို့တရုတ်ကုမ္ပဏီဘက်ပြန်ပြီးတုန့်ပြန်ချေပနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဆက်ပြီးဖြစ်လာမှာကို တရုတ်ဘက်က စိုးရိမ်မှုတွေရှိနေမလားဆိုတဲ့ မေးခွန်းကိုတော့

“တရုတ်ဘက်ကတော့ လက်ရှိရော၊ အနာဂတ်မှာပါ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံတဲ့စီမံကိန်းတွေနဲ့ပတ်သက်လို့ အတော်လေးကို သတိထား ဂရုတစိုက်ကိုင်တွယ်သွားမှာပါ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကတော့ တရုတ်အတွက် အတော်လေးထူးခြားတဲ့ဖြစ်စဉ်နဲ့ ရင်ဆိုင်နေရတာပါ။ တရုတ်ကုမ္ပဏီဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ပိုင်ဦးပိုင်လီမိတက်တို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်တဲ့အတွက် အဆိုးမြင်တာတွေကရှိနေပြီသားဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရုတ်အတွက်သင်ခန်းစာကတော့ မြန်မာနိုင်ငံရဲ့သတ္တုတူးဖေါ်ရေး ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်သူတွေနဲ့ဆက်ဆံရမလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲစတဲ့အချက်တွေပေါ်မှာ အထူးဂရုစိုက်သင့်ပါတယ်။”

ဒါအပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဟာ အရင်စစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီအကြား သဘောတူချုပ်ဆိုထားတဲ့ လက်ကျန်စီမံကိန်းတခုဖြစ်နေတာကြောင့် NLD အစိုးရသစ်အတွက်လည်း ဒီစီမံကိန်းကို ဘယ်လိုဆက်ပြီးကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်လို့ Yun Sun ကဗွီအိုအေကိုပြောသွားပါတယ်။

XS
SM
MD
LG