သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလေကြောင်းလိုင်း MH17 ရုရှားလုပ်ဒုံးကျည်နဲ့ ပစ်ချခဲ့ကြောင်း စုံစမ်းရေးအဖွဲ့ပြော


ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ ယူကရိန်း အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား နေစဉ်ကလက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျသွားတဲ့ မလေးရှားပိုင် MH17 လေယာဉ်ဟာ ရုရှားလုပ် မြေပြင်ကနေ ဝေဟင်ပစ်တဲ့ Buk Missile နဲ့ ပစ်ချတာကို ခံခဲ့ရတာဖြစ်တယ်လို့ ဒတ်ချ်နိုင်ငံက ဦးဆောင်ပြီး ပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

Dutch တာဝန်ရှိသူတွေက သူတို့ရဲ့ တွေ့ရှိချက်တွေကို The Heague မြို့က Conference Center မှာ အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အဲဒီမှာ ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ အချို့ အပျက်အစီး အပိုင်းအစတွေနဲ့ လေယာဉ်ကို ပြန်လည်တည်ဆောက် ပြသထားပါတယ်။

ယူကရိန်းနိုင်ငံပိုင် နယ်မြေထဲမှာ ပျက်ကျခဲ့ရတဲ့ လေယာဉ်ဟာ ဘာကြောင့် ပျက်ကျရတယ်ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ အခြေရှာနိုင်ဖို့အတွက် စုံးစမ်းရေးတာဝန်ရှိသူတွေက လေယာဉ် သံကိုယ်ထည်ပေါ်မှာ လေယာဉ်ပျက်ကျတဲ့ နေရာကနေ ရရှိတဲ့ အပိုင်းအစတွေနဲ့ ပြန်လည် တတ်ဆင်ခဲ့ကြပါတယ်။

လေယာဉ်ရဲ့ လက်ဝဲဘက်ခြမ်းကို မြေပြင်ကနေ ပစ်လွှတ်လိုက်တဲ့ Missile ဒုံးကြည်ရဲ့ ချွန်ထက်တဲ့ အရာနဲ့ ထိမှန်ခဲ့တာ ဖြစ်တယ်။ ချက်ခြင်း လေယာဉ်ဟာ လေထဲမှာပဲ ပျက်စီးသွားခဲ့တယ်လို့ Dutch လုံခြုံရေး ဘုတ်အဖွဲ့ရဲ့ အကြီးအကဲ Tjibee Joustra က ကာယကံရှင်မိသားစုဝင်တွေနဲ့ မီဒီယာသမားတွေကို ပြောကြားခဲ့ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ လေကြောင်းနယ်နမိတ်ကို ပိတ်ထားဖို့ ယူကရိန်းမှာ တာဝန်ရှိပြီး အဲဒီလို မဆောင်ရွက်ခဲ့ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG