သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးဆူပူမှုစုံစမ်းဖို့ ရှေ့နေချုပ်ကို Ferguson မြို့ဆီ အိုဘားမားစေလွှတ်


ရှေ့နေချုပ် Eric Holder
ရှေ့နေချုပ် Eric Holder

လူဖြူရဲအရာရှိတစ်ယောက်က ဆယ်ကျော်သက်အရွယ် လူမည်းအမျိုးသားတဦးကို သေလောက်တဲ့အထိ သေနတ်နဲ့ပစ်ခဲ့တာကြောင့် အကြမ်းဖက်တဲ့အထိ ဆန္ဒပြနေကြတဲ့ အခြေအနေတွေကို ဗဟိုအစိုးရက စုံစမ်းစစ်ဆေးတဲ့နေရာမှာ နောက်ဆုံးအခြေအနေတွေ သိရဖို့အတွက် အမေရိကန် ရှေ့နေချုပ် Eric Holder ဟာ မစ္စဇူရီပြည်နယ် Ferguson မြို့နယ်ကို သွားရောက်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။

ရှေ့နေချုပ် Holder ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က Michael Brown သေဆုံးသွားတာနဲ့ ပတ်သက်ပြီးတော့ ဗဟိုအစိုးရနဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံသားအခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေမှာပါဝင်တဲ့ တရားရေးဌာနတာဝန်ရှိသူတွေ၊ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗြူရိုတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက သတင်းထောက်တွေကို အိမ်ဖြူတော်မှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရှေ့နေချုပ်ဟာ Ferguson မြိ့မှာ တည်ငြိမ်အေးချမ်းမှုရဖို့အတွက်လုပ်နေတဲ့ ဒေသခံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။

အများစုက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အချိန်မှာ တချို့လူနည်းစုဆန္ဒပြသူတွေအနေနဲ့ ဒေါသထွက်ပြီး လုယက်တာတွေ၊ သေနတ်ကိုင်ဆောင်တာတွေ၊ ရဲတွေကို တိုက်ခိုက်တာတွေ မလုပ်ကြဖို့ သမ္မတအိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး အဲဒီ အစား တင်းမာမှုတွေပဲ ပိုဖြစ်လာမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ရဲတွေဘက်က အင်အားအလွန်အကျွံသုံးတာနဲ့ ငြိမ်းချမ်းစွာဆန္ဒပြတာကို ပိတ်ပင်တာတွေနဲ့ပတ်သက်ပြီး လက်ခံလို့မရဘူးလို့ သမ္မတက ပြောပါတယ်။ Ferguson မြို့ကို နိုင်ငံတော် အရန်တပ်တွေ ရောက်လာပြီးတဲ့နောက်မှာတော့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

XS
SM
MD
LG