သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်ဂေရီရောက် ရွှေ့ပြောင်းသူတွေ သြစတြီးယားနယ်စပ် လမ်းလျှောက် ခရီးဆက်


ဟန်ဂေရီရောက် ရွှေ့ပြောင်းသူတွေ သြစတြီးယားနယ်စပ် လမ်းလျှောက် ခရီးဆက်။ (စက်တင်ဘာ ၄၊ ၂၀၁၅)
ဟန်ဂေရီရောက် ရွှေ့ပြောင်းသူတွေ သြစတြီးယားနယ်စပ် လမ်းလျှောက် ခရီးဆက်။ (စက်တင်ဘာ ၄၊ ၂၀၁၅)

ဟန်ဂေရီနိုင်ငံ ၊ Budapest မြို့ မီးရထားဘူတာရုံထဲကနေ ရာနဲ့ချီတဲ့ ရွေ့ပြောင်း အခြေချနေထိုင်သူတွေ သောကြာနေ့က ထွက်လာခဲ့ကြပြီး ၆ လမ်းသွား အဝေးပြေး လမ်းမကြီးအတိုင်း သြစတြီးယားနယ်စပ်ဘက်ကို ဦးတည် သွားနေကြပါတယ်။
သူတို့ကို လိုလားဟန်မရှိတဲ့ ဟန်ဂေရီနိုင်ငံအတွင်းက Keleti ရထားဘူတာရုံမှာ ဆက်မနေလိုကြတော့တဲ့အတွက် ကီလိုမီတာ ၄၈၀ လောက် ဝေးတဲ့ ဂျာမနီနိုင်ငံကို ခြေလျင်လျှောက်ပြီး သွားနေကြတာ ဖြစ်ပါတယ်။

အခုလို တခုခုဖြစ်သွားတဲ့အတွက် သူ့အနေနဲ့ ဝမ်းသာကြောင်း၊ နောက်တဆင့် ကတော့ သြစတြီးယားနိုင်ငံကို ရောက်ဖို့ဖြစ်ကြောင်း အသက် ၂၃ နှစ်အရွယ် Osama ဆိုသူ ဆီးရီးယားနိုင်ငံသား လူငယ်တဦးက ပြောတာကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ အဲဒီလို လမ်းစလျှောက်လိုက်ကြတဲ့အတွက် ဟန်ဂေရီအစိုးရအနေနဲ့လည်း တစုံတခု လုပ်ဆောင်ဖို့ ဖိအားပေးလိုက်သလို ဖြစ်သွားပါတယ်။ လမ်းလျှောက်နေကြ သူ ၁,၂၀၀ နဲ့ Keleti ဘူတာမှာ တခြား ကျန်နေခဲ့သူတွေ သြစတြီးယားနယ်စပ် Hegyeshalom အထိရောက်အောင် ဟန်ဂေရီအစိုးရအနေနဲ့ ဘတ်စ်ကားတွေ စီစဉ်ပေးမယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ရဲ့ လက်ထောက် က ကြေညာလိုက်ပါတယ်။

ဟန်ဂေရီနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်သွားမယ့်အရေးက ဟန့်တားတဲ့အနေနဲ့ သူတို့အနေနဲ့ ဘတ်စ်ကားတွေ စီစဉ်ပေးမှာ ဖြစ်ကြောင်း အရာရှိချုပ် Janos Lazar က ပြောပါတယ်။

သြစတြီးယားကတော့ ဒုက္ခသည်တွေကို လက်ခံသွားမယ်လို့ ဝန်ကြီးချုပ် Werner Faymann က Facebook လူမှုကွန်ယက်ကတင့် ကြေညာလိုက်ပါတယ်။

XS
SM
MD
LG