သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nemtsov အသတ်ခံရမှု ရုရုရှားအတိုက်အခံတွေ စုဝေးမည်


ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ပစ်သတ်လုပ်ကြံခံခဲ့ရတဲ့နေရာမှာ လူတွေ အမှတ်တရ လွမ်းသူ့ပန်းများလာရောက်ချထားကြပုံ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅)
ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ပစ်သတ်လုပ်ကြံခံခဲ့ရတဲ့နေရာမှာ လူတွေ အမှတ်တရ လွမ်းသူ့ပန်းများလာရောက်ချထားကြပုံ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅)

အသတ်ခံရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov အမှတ်တရ အတိုက်အခံစုဝေးပွဲကြီးတခုကို ဒီကနေ့ တနင်္ဂနွေနေ့ကျရင် မော်စကိုမြို့တော်မှာလုပ်ဖို့ ရုရှားအစိုးရက ခွင့်ပြုထားပါတယ်။

Nemtsov ဟာ စစ်ဆန့်ကျင်ရေးနဲ့ ပူတင်ဆန့်ကျင်ရေး စုဝေးပွဲတခုကို မော်စကိုမြို့တော်မှာ ဦးဆောင်လုပ်ဖို့ စီစဉ်ထားတာပါ။ အဲဒီအစား သူ့ကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ လူ ၅ဝ,ဝဝဝ အထိ စုဝေး လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ Nemtsov ဟာ ရုရှားလူထုရဲ့ အခွင့်အရေးအတွက် မနားမနေ လှုံ့ဆော်စည်းရုံးခဲ့သူဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။

Nemtsov ကို ကားတစီးပေါ်ကနေ သေနတ်နဲ့ပစ်သွားသူတွေကို ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။ သူနဲ့ သူ့ရဲ့အဖော် အမျိုးသမီးတဦးတို့ မော်စကိုမြစ်ပေါ် ဖြတ်ဆောက်ထားတဲ့ ကရင်မလင်နန်းတော်နား တံတားတစင်းမှာ လမ်းလျှောက်ဖြတ်သွားချိန် သေနတ်နဲ့အပစ်ခံရတာပါ။ အဖော်အမျိုးသမီးကတော့ ဒဏ်ရာရမသွားပါဘူး။

ဒီပစ်ခတ်မှုဟာ လူငှားသတ်တာ ဖြစ်ပုံရပြီး သွေးထိုးလှုံ့ဆော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြော ပါတယ်။ လူသတ်မှု စုံစမ်းစစ်ဆေးတာကို ပူတင်ကိုယ်တိုင် ကြီးကြပ်မယ်လို့ ကရင်မလင်နန်းတော်ကပြောပါတယ်။

မစ္စတာပူတင်က Nemtsov ရဲ့မိခင်ဖြစ်သူ Dina Eidman ဆီ ဝမ်းနည်းသဝဏ်လွှာပေးပို့ပြီး ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း နဲ့ Nemtsov သေဆုံးရတာဟာ ထာဝရ ဆုံးရှုံးမှုတခုဖြစ်ပါတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG