သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု အစိုးရနဲ့ကျောက်စိမ်းတွင်း လိုင်စင်ရကုမ္ပဏီကြီးတွေ အဓိကတာဝန်ရှိ


ွJade: Myanmar's "Big State Secret" Global Witness
ွJade: Myanmar's "Big State Secret" Global Witness

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေပြိုကျ မှုကြောင့် သေဆုံးသူ အများအပြားရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ နဲ့ မြန်မာအစိုးရတို့က တာဝန်ယူသင့်တယ်လို့ Global Witness အဖွဲ့က ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် မြေပြိုကျ မှုကြောင့် သေဆုံးသွားရတဲ့ သူတွေဟာ လျော်ေ ကြးငွေ ရရှိသင့်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့ကလည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြ ပါမယ်။

လူပေါင်းရာချီပြီး သေဆုံးခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးေ ဖာ်ရေး လုပ်ငန်း မြေပြိုမှုဟာ သက်ဆိုင်ရာ ကုမ္မဏီတွေက ကျောက်တူးဖော်ရာကနေ စွန့်ပစ်တဲ့မြေတွေကို တနစ်တကျ စွန့်ပစ်မှု မရှိတာကြောင့် ဖြစ်ရတာဖြစ်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကနေ တာဝန်ယူ သင့်တယ်လို့ နိုင်ငံတကာ ထင်သာမြင်သာရှိရေးအဖွဲ့ Global Witness နဲ့ ကချင် လူ့အခွင့်အရေး အဖွဲ့တွေကဆိုပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ သတ္တု၊ သစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း ထင်သာမြင်သာရှိ မှုကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့က အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Juman Kubba ကတော့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“အစိုးရက လိုင်စင်ချပေးတဲ့ ကုမ္မဏီကြီးတွေဟာ သိပ်ကို အမြတ်အစွန်း ရနေကြ တာဖြစ်ပါတယ်။ သူတို့ဟာ နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီတဲ့ ကျောက်စိမ်းတွေကို တူးယူ နေကြတာဖြစ်ပြီး ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ဒီ ကုမ္ပဏီတွေကနေ စည်းမဲ့ ကမ်းမဲ့ စွန့်ပစ်တဲ့ အလေ့အထတွေကြောင့် လူသေစေ တဲ့ မြေပြိုမှု ဒဏ်တွေကို အဆက်မပြတ် ခံနေရတာဖြစ်ပါတယ်။ နတ်ပြည်က ကျောက်ထွက်ရာ ဖားကန့်မှာ အပြစ်ရှိသူတွေကို အရေးမယူပဲ လျှစ်လျှူ ရှုထား တာတွေကို အဆုံးသတ်ဖို့ အစိုးရက လေးလေးနက်နက် အရေးယူဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ဒီကျောက်စိမ်းကြောင့် အဲဒီမှာနေတဲ့ ဒေသခံတွေကို ငရဲတွင်းသို့ပို့ပေးနေသလို ဖြစ်နေပါတယ်။”

Global Witness အဖွဲ့ဟာ အောက်တိုဘာ လကုန်တုန်းကပဲ Jade: Myanmar’s “big state secret” ဆိုတဲ့ မြန်မာနိုင်ငံက ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လျှို့ဝှက်ချက်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

Gobal Witness အဖွဲ့ရဲ့ လေ့လာ ဆမ်းစစ်ချက်အရ မြန်မာနိုင်ငံဟာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကနေပြီးတော့ နှစ်စဉ် ဝင်ငွေ အမေရိကန် ဒေါ်လာ သန်းေ ထာင်ပေါင်း များစွာရရှိနေပြီး ဒီကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ထုတ်လုပ်မှု အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ဝင်ငွေပမာဏ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

တချိန်တည်းမှာပဲ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမြေ ပြိုကျမှု ဖြစ်ရ တာဟာ ကုမ္မဏီတွေက စနစ်တကျ မြေစာစွန့်ပြစ်မှု မရှိတာတွေအပြင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အပိုင်းမှာလည်း အားနည်းမှု ရှိတာကြောင့် ဖြစ်ရ တယ်လို့ ပြည်ပအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆန်က ဗွီအိုအေကို ပြောပါတယ်။

“ဒီဟာက အစိုးရက သဘာ၀ ထိန်းသိမ်းမှု အားနည်းလို့ ဖြစ်တဲ့ကိစ္စပဲ ဒီဟာတွေ က။ နောက်တခုကတော့ စည်းကမ်းမရှိလို့၊ စည်းကမ်းမရှိလို့ ဆိုတာက မြေစာပုံတွေ ကို နေရာတိုင်း ပုံတဲ့ဟာတွေပေါ့နော်။ ဒီ လူကြီးပိုင်းတွေရော ပါနေတဲ့ ကုမ္ပဏီတွေ ကလဲ ဒီလိုမျိုး မြေဇာပုံတွေ စည်းမဲ့ကမ်းမဲ့ ပုံတာတို့ နောက်တခုက ဒီရေကြောင်းတွေ လွှဲတဲ့ဟာတို့ အဲဒါတွေကတော့ အာဏာပိုင် အစုအဖွဲ့ကနေပြီးတော့ လုပ်နေတဲ့ ကိစ္စ ဆိုတော့ ဘယ်သူမှလဲ အဲဒါကို ထိန်းသိမ်းဖို့ မလုပ်ရဲဘူး မလုပ်ကြဘူး။ အဲလိုဒီ သဘာ၀ ယိုယွင်းလာတာတို့ ပျက်စီးလာတာတို့က ဖြစ်လာ မှာပဲ။ အဲဒါကြောင့် ဖြစ် တာပါ အဓိက ကတော့။”

ဒါ့အပြင် မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် သက်ဆိုင်ရာကုမ္ပဏီနဲ့ အစိုးရတွေအနေနဲ့ တာဝန်ယူသင့်သလို သေဆုံးသူတွေ အတွက်လည်း ထိုက် တန်တဲ့ လျော်ကြေးငွေ ပေးသင့်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့က ကိုဂွမ်ဆန်က ပြောပါတယ်။

“ဒီဟာက အစိုးရကနေပြီးတော့ စည်းကမ်းကောင်းကောင်း မချလို့ဖြစ်တာ။ နောက် တခုက စည်းကမ်း ဖောက်ဖျက်နေတာ သိရဲ့သားနဲ့ကို လျှစ်လျူ ရှုတာပေါ့နော်။ လျှစ်လျူ ရှုတယ်ဆိုတော့ အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရက နေပြီးတော့ လျော်ေ ကြးပေးသင့်တယ်။ အခြား နိုင်ငံမှာလိုပဲ အစိုးရ သို့မဟုတ် ကုမ္ပဏီတွေကလျော်ေ ကြးပေးသင့်တယ်။”

ဒီလိုမျိုး မြေပြိုကျမှုဟာ ခဏခဏ ဖြစ်ပွားလေ့ရှိပေမယ့် ဒီတကြိမ်မြေပြိုမှုဟာ အရင်ဖြစ် ခဲ့တဲ့ မြေပြိုမှုတွေနဲ့ ယှဉ်ရင် လူသေပျောက်နှုန်း အများဆုံးလို့ ပြောလို့ ရကြောင်း ကိုဂွမ်ဆန်က ပြောပါတယ်။

XS
SM
MD
LG