သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် လှေစီးပြေး ၂၀၀ ကျော် မြန်မာပြန်ပို့မည်


Pokistonda terror xuruji, ko'plab odamlar o'lgan
Pokistonda terror xuruji, ko'plab odamlar o'lgan

ရခိုင်ပြည်နယ်မှာ ကယ်တင်ထားတဲ့ လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်တို့ကို ဘင်္ဂလားဒေရှ့် သံရုံးက နိုင်ငံသား စိစစ်နေပြီး ပြန်လည် ခေါ်ယူဖို့လည်း အဆင်သင့်ရှိတယ်လို့ မြန်မာအစိုးရကို အကြောင်းပြန်ထားပါတယ်။ ဒီကနေ့မှာလည်း မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာမှာ ထားရှိထားတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ နီးတဲ့ တောင်ပြိုလက်ဝဲမြို့နယ်ထဲကို ရွှေ့ပြောင်းပြီးဖြစ်တဲ့ အကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ အကြား လှေစီးပြေး ဒုက္ခသည် အရေး ညှိနှိုင်းဆောင်ရွက်မှု အခြေအနေတွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာတွေ့ရတဲ့ လှေနှစ်စင်းကို မြန်မာ့ရေတပ်က စစ်ဆေးတာမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ဆီ ဦးတည်သွားနေတဲ့ လှေစီးပြေး ၂၀၀ ကျော်တို့ကိုတွေ့ရှိခဲ့ရပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီ လှေစီးပြေး ဒုက္ခသည်တွေကို အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံက သူတို့ နိုင်ငံသားတွေ ဟုတ်မဟုတ် စတင်စစ်ဆေးနေပြီး သူတို့နိုင်ငံသားတွေ ဖြစ်ပါက ပြန်လည်ခေါ်ယူဖို့ အဆင့်သင့်ရှိတယ်လို့လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြောဆိုထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“နိုင်ငံသားဟုတ်မဟုတ်စိစစ်တဲ့ form တွေကို သူတို့စပြီးတော့ ဖြည့်နေပါပြီ။ ဖြည့်ပြီးတော့ နိုင်ငံသားစိစစ်တဲ့ - သူတို့နိုင်ငံသားတွေ စိစစ်ပြီးလို့ရှိရင် ပြန်ခေါ်ဖို့ကတော့ သူတို့အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။ အဲဒိတော့ သူတို့အနေနဲ့ကတော့ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား- ကျနော်တို့ လုပ်သလိုပဲ ပေါ့လေ- သူတို့နိုင်ငံသားဟုတ်မဟုတ်ဆိုတာကို ကိုယ်ရေးရာဇဝင်တွေကို သူတို့ယူပြီးတော့ - အဲဒါ တရက်တည်းတော့ မပြီးဘူးပေါ့-နော်။ လူ ၂၀၀ ဆိုတော့ ၂ ရက်လောက်တော့ကြာမလား၊ ၃ ရက်လောက်တော့ကြာမလားတော့ မသိပါဘူး၊ အဲဒါတွေဖြည့်ပြီးတော့ သူတို့လုပ်နေပါပြီ။ စပြီးလုပ်နေပါပြီ။”

နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေကိုတော့ ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးက သံမှူးကြီး ဦးဆောင်တဲ့အဖွဲ့ဝင် ၈ ဦးပါ ဘင်္ဂလားဒေ့ရှ်သံအဖွဲ့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တနလာၤနေ့ကစပြီး အဖွဲ့ဝင် ၆ ဦးပါ ဘင်္ဂလားဒေ့ရှ်သံအဖွဲ့က လှေစီးပြေးဒုက္ခသည်တွေကို နိုင်ငံသားစိစစ်ရေးပုံစံတွေ ဖြည့်ပေးနေပါတယ်။ လှေစီးပြေးဒုက္ခသည် ၂၀၈ ဦးတို့ကိုလည်း တနလာၤနေ့မှာပဲ မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ပိုပြီးနီးတဲ့ တောင်ပြိုလက်ဝဲမြို့ကို ရွှေ့ပြောင်းပြီးလည်း ဖြစ်ပါတယ်။ လှေစီးပြေးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဟုတ်မဟုတ် စိစစ်မှုကိုတော့ ဘင်္ဂလားဒေ့ရှ်သံအဖွဲ့က လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာ လူဝင်မှု ကြီးကြပ်ရေးဘက်က အကူအညီပေးဖို့ ကမ်းလှမ်းထားတယ်လို့လည်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်ကပြောပါတယ်။ ဒုက္ခသည်တွေ နိုင်ငံသားစိစစ်မှုလုပ်ငန်းမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဘက်ကတော့ မပါပါဘူး။ ဒါပေမယ့်လည်း အခု နောက်ပိုင်း နိုင်ငံတကာသတင်းတွေမှာရော နိုင်ငံတကာရဲ့ ပြောဆိုချက်တွေမှာပါ မလေးရှားနဲ့ထိုင်း နိုင်ငံဘက်ကို ဦးတည်ထွက်ပြေးကြတဲ့ လှေစီးပြေးအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖြစ်တယ်ဆိုတာကို လက်ခံလာတာကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားလျော့ကျလာတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“ကျနော်တို့မြန်မာနိုင်ငံက ဒီလို အစုလိုက်အပြုံလိုက်မထွက်ဘူးဆိုတာ ကျနော်တို့ တောက်လျှောက်ပြောခဲ့တာပေါ့လေ။ သို့သော်လည်း နိုင်ငံတကာ မီဒီယာက အဲဒါ ဒီဟာတွေဟာ မြန်မာနိုင်ငံက source ဖြစ်တယ်ဆိုပြီးတော့ ပြောခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ အခုကတော့ အားလုံးကတော့ လက်တွေ့ သိသွားတာပေါ့လေ။ အများစုက ကျနော်တို့ဆီက ထွက်တာမဟုတ်ဘူးဆိုတာကို အများစုသိသွားတဲ့အတွက် မှန်မှန်ကန်ကန် အခြေအနေ ရှိနေမယ်။ ရှိနေတော့ ကျနော်တို့ကတော့ relieve ဖြစ်တာပေါ့လေ။ နည်းနည်းတော့ နိုင်ငံတကာရဲ့ဖိအားပေးမှုကနေပြီးတော့ ကျနော်တို့ လျော့လာတယ်လို့ ပြောလို့ရတာပေါ့လေ။”

ဒီရက်ပိုင်းအတွင်းမှာပဲ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ကနေ မလေးရှားနိုင်ငံဆီ ဦးတည်ထွက်ပြေးကြသူတွေလို့ ယူဆရသူတွေရဲ့ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတာကိုလည်း မလေးရှားနိုင်ငံဘက်မှာ ထပ်ပြီးတွေ့ခဲ့တာမှာတော့ မလေးရှားနိုင်ငံဘက်က ပူးပေါင်းစစ်ဆေးပေးဖို့ မြန်မာဘက်ကို ကမ်းလှမ်းတာမရှိသေးတဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG