သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရူပဗေဒနိုဘဲလ်ဆု ဂျပန်နဲ့ ကနေဒါ သိပ္ပံပညာရှင် ၂ ဦးရရှိ


Discovery of Neutrino Oscillations ဆိုတဲ့ Neutrino လည်ပတ်မှုအကြောင်း တိုင်းတာနိုင်တဲ့ ရှာဖွေ တွေ့ရှိချက်တွေ စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် Takaaki Kajita နဲ့ Arthur MacDonald တို့ကို ၂၀၁၅ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ချီးမြှင့်လိုက်ပါတယ်။

တိုကျိုတက္ကသိုလ် က Kajita နဲ့ ကနေဒါနိုင်ငံ Queens တက္ကသိုလ် က MacDonald တို့ ရဲ့ တွေ့ရှိချက်တွေဟာ ဒြပ်ရုပ်ထုတွေရဲ့ အတွင်းအကျဆုံး လည်ပတ်မှုတွေအကြောင်း ကမ္ဘာက နားလည်မှုကို ပြောင်းလဲစေခဲ့တယ်လို့ နိုဘဲလ်ကော်မတီက ပြောပါတယ်။

အထူးသဖြင့် နေရောင်ချည်က ရရှိတဲ့ အီလက်ထရွန် Neutrino တွေကို ရေတွက်နိုင်ဖို့ တည်ထွင်ထားတဲ့ ဒီစမ်းသပ် တွေ့ရှိချက်တွေကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ ရှိရင်းစွဲ တွက်ချက်ထားတဲ့ ပမာဏရဲ့ သုံးပုံ နှစ်ပုံ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

တနင်္လာနေ့ကတော့ နိုဘဲလ်ကော်မတီက ၂၀၁၅ ခုနှစ်ရဲ့ ဆေးပညာဆုကို အိုင်ယာလန်၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့က ဆေးပညာရှင်တွေကို ချီးမြှင့်ခဲ့ပါတယ်။

XS
SM
MD
LG