သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာကာကွယ်ဆေး စမ်းသပ်မှု အောင်မြင်နေ


ဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp Institute of Tropical Medicine က ရိုက်ကူးထားတဲ့ အီဘိုလာဗိုင်းရပ်စ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp Institute of Tropical Medicine က ရိုက်ကူးထားတဲ့ အီဘိုလာဗိုင်းရပ်စ်။

NIH- National Institute of Health ကနေ စမ်းသပ် ထုတ်လုပ်နေတဲ့ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေးကို မျောက်တွေနဲ့ စမ်းသပ်ကြည့်တာ အောင်မြင်မှုရရှိနေပြီး ဆေးအာနိသင် မပြေအောင် booster shot လို့ခေါ်တဲ့ နောက်ဆက်တွဲ ဆေးထိုးပေးနိုင်ရင် ရက်သတ္တ ၅ ပတ်ကနေ ၁၀ လလောက်အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။

စမ်းသပ်စဲကာလဖြစ်တဲ့ ဒီကာကွယ်ဆေးဟာ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို ခုခံနိုင်စွမ်းရှိတာကို တွေ့ရတဲ့အကြောင်း NIH အမေရိကန်အမျိုးသား ကျန်းမာရေးဌာနက သုတေသီတွေပြောတယ်လို့ တနင်္ဂနွေနေ့ထုတ် Nature Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

အီဘိုလာကာကွယ်ဆေး စမ်းသပ်နေရာ National Institute of Health၊ NIH သုတေသနဌာနအဆောက်အဦး။
အီဘိုလာကာကွယ်ဆေး စမ်းသပ်နေရာ National Institute of Health၊ NIH သုတေသနဌာနအဆောက်အဦး။

ကာကွယ်ဆေး ထိုးပေးထားတဲ့ မျောက် ၄ ကောင်စလုံးကို သီတင်းပတ် ၅ ပတ် ကြာတဲ့အခါ အီဘိုလာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပေးတဲ့အခါ ဆေးက သူတို့ကို ကာကွယ်ပေးထားတာကို တွေ့ရကြောင်း သုတေသီတွေက ပြောပါတယ်။ သီတင်းပတ် ၁၀ ပတ်ကြာတဲ့အခါ ကာကွယ်ဆေးထိုးတဲ့ အရေအတွက် ထက်ဝက်ကို ဆေးက ကာကွယ်ပေးခြင်း မရှိတော့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သီးခြား စမ်းသပ်ခဲ့တဲ့ အုပ်စုမှာတော့ ကာကွယ်ဆေးထိုးထားတဲ့ မျောက်တွေကို ၂ လကြာတဲ့အခါ နောက်ဆက်တွဲ ဆေးထပ်ထိုးပေးတဲ့အခါ အဲဒီမျောက်တွေအားမှာ ကာကွယ်ဆေးက ၁၀ အထိ အာနိသင်ရှိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

NIH က စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ GlaxoSmithKline ဆေးကုမ္ပဏီက ထုတ်နေတဲ့ဆေးနဲ့ တူတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG