သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ ၂၀၁၆ ထိရွှေ့


ထိုင်းနိုင်ငံ ဘန်ကောက်မြို့။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့။

ထိုင်းနိုင်ငံမှာ ၂၀၁၆ ခုနှစ် မတိုင်ခင် အထိ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်ပုံ မရှိဘူးလို့ ထိုင်းစစ်တပ်ရဲ့ အကြီးတန်း အရာရှိ တဦးက ပြောဆိုလိုက်တာမို့ ဒီမိုကရေစီ အသွင်ပြောင်းရေး စစ်တပ်က ပေးထားတဲ့ ကတိကဝတ် ထပ်ပြီး အချိန်ဆွဲလိုက်တာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ မူကြမ်း ပြုစုပြီးချိန် ၂၀၁၆ နှစ်စပိုင်းလောက်မှာမှ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့်ပုံ ရှိတယ်လို့ ဒုတိယ ဝန်ကြီးချုပ် Prawit Wongsuwan က ဒီကနေ့မှာ သတင်းထောက်တွေကို ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကြန့်ကြာရတဲ့ အကြောင်းရင်း တခုက စစ်တပ်ရဲ့ ဦးဆောင်မှုကို ဆန့်ကျင်တဲ့ အင်အားစုတွေ ရှိနေလို့ ဖြစ်တယ်လု့ိကာကွယ်ရေး ဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယ ဝန်ကြီးချုပ် Prawitက ပြောဆိုပါတယ်။ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောမသွားပါဘူး။

ထိုင်းနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကြိုကြား ဖြစ်ပွားခဲ့တဲ့ အတိုက်အခံတို့ရဲ့ ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ကို ရာထူးက ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံမှာ အနှစ် ၈၀ တွင်း ၁၂ ကြိမ်မြောက် စစ်အာဏာသိမ်းမှုဖြစ်ပြီး တိုင်းပြည်တွင်း မတည်ငြိမ်မှုတွေ ထပ်မဖြစ်စေဖို့ နဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နိုင်ဖို့ အတွက် စစ်အုပ်ချုပ်ရေး ထားရှိဖို့ လိုအပ်တဲ့အတွက် ဖြစ်တယ်လို့ စစ်တပ်က ပြောဆိုထားပါတယ်။

XS
SM
MD
LG