သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး မြောက်ကိုရီးယား ဆွေးနွေးမည်မဟုတ်


မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုစရာအကြောင်း မရှိကြောင်းနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အနေအထားဟာ အီရန်နိုင်ငံနဲ့ လုံး၀ ခြားနားတယ်လို့ မြောက်ကိုရီးယား ထိပ်တန်း သံတမန် တယောက်က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ဖို့ တဖက်သတ် ရပ်ဆိုင်းပေးဖို့ စတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးဖို့ လုံး၀ စိတ်မဝင်စားဘူးလို့ တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Ji Jae Ryong က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံရဲ့ အခြေအနေဟာ လုံးဝခြားနားပါတယ်၊ ကျနော်တို့ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အမည်ခံမဟုတ်ဘဲ လက်တွေ့ ပိုင်ဆိုင်ထားပြီး နိုင်ငံဖြစ်တယ်လို့ ဘေဂျင်းမြို့မှာရှိတဲ့ မြောက်ကိုရီးယားသံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီးက ပြောဆိုလိုက်တာပါ။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ကိုယ်ပိုင် အကျိုးစီးပွားရှိပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန် ထိပ်တန်း သံတမန်တယောက်ဖြစ်တဲ့ Sydney Seiler ဟာ နျူကလီးဟားအရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ ၆ နိုင်ငံပါဝင်တဲ့ ဆွေးနွေးမှု ပြန်စနိုင်ဖို့ တိုင်ပင်ဆွေးနွေးရအောင် တရုတ်နိုင်ငံကို အင်္ဂါနေ့ ရောက်ရှိလာချိန်မှာ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာပါ။

XS
SM
MD
LG