သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု မအောင်မြင်


မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှတ်မှု တောင်ကိုရီးယားဘက်မှာ ကြည့်ရှု့နေကြစဉ်။ (ဧပြီ ၂၈၊ ၂၀၁၆)
မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှတ်မှု တောင်ကိုရီးယားဘက်မှာ ကြည့်ရှု့နေကြစဉ်။ (ဧပြီ ၂၈၊ ၂၀၁၆)

မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်ပုံရတဲ့ တာလတ်ပစ် ဒုံးကျည်တစင်းဟာ ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပျက်ကျသွားပါတယ်။ ဒါဟာဖြင့် သီတင်းပတ်ပိုင်း အတွင်းမှာ ဒုတိယအကြိမ်မြောက် မအောင်မမြင်ဖြစ်တဲ့ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှု ဖြစ်ပုံရပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ဒုံးကျည် မအောင်မြင်ဘူး ဆိုတာ ကို တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ပြော တာပါ။ ပြုံယမ်းမြို့တော်မှာ ပါတီ အဆင့်မြင့် အစည်းအဝေးတရပ် ကို နောက် သီတင်းပတ်မှာ ကျင်းပဖို့ရှိနေချိန်မှာပဲ အခုလို ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာပါ။

မြောက်ကိုရီးယားဟာ တာလတ်ပစ် Musudan ဒုံးကျည်အသစ်ကို စမ်းသပ်ပစ်လွှတ်ဖို့ ကြိုးစားနေပုံရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီဒုံးကျည်ကို အာရှဒေသနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက စစ်အခြေစိုက်စခန်းတွေကို ပစ်ခတ် ဖို့ထိ အသုံးပြုနိုင်ပါတယ်။

တေင်ကိုရီးယားနဲ့ အမေရိကန်တို့ပူးတွဲပြီး နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ရှိနေချိန်မှာပဲ အခုလို ဒုံးကျည် ပစ်လွှတ် စမ်းသပ် တာပါ။ အဲဒီစစ်ရေးလေ့ကျင့်မှုတွေ ကို ရန်စတဲ့လုပ်ရပ်တခုအဖြစ် မြောက်ကိုရီးယားက သတ်မှတ်ထားတာပါ။

XS
SM
MD
LG