သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရှိ အမေရိကန်သုံးဦး လွတ်မြောက်ရေး အစိုးရထံမေတ္တာရပ်ခံ


မြောက်ကိုရီးယားမှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားများ။
မြောက်ကိုရီးယားမှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားများ။

မြောက်ကိုရီးယားနိုင်ငံမှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သုံးယောက်က သူတို့ရဲ့လွတ်မြောက်ရေးကို အာမခံချက်ရနိုင်ဖို့ အမေရိကန် ပြည်ထောင်စုကနေ အဆင့်မြင့် တာဝန်ရှိသူတယောက် စေလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ကြတဲ့ အမေရိကန်သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ဖို့ မြောက်ကိုရီးယားအစိုးရက စီစဉ်ပေးချိန်မှာ ဖမ်းဆီးခံထားရသူ ၃ ဦးက အခုလို ပြောဆိုလိုက်ကြတာဖြစ်ပါတယ်။

Kenneth Bae, Matthew Miller နဲ့ Jeffery Fowle တို့က အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ ကိုယ်စားလှယ်တယောက်ကို စေလွှတ်ပေးပြီး သူတို့ လွတ်မြောက်ရေးအတွက် တိုက်ရိုက် မေတ္တာရပ်ခံပေးဖို့ ပြောဆိုနေတာကို မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ဘေးက ကြည့်ရှုနေကြပါတယ်။

ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ Bae က သူ့ရဲ့ ကျန်းမာရေးမကောင်းတဲ့အကြောင်း ပြောဆိုခဲ့သလို Miller ကလည်း သူ့ရဲ့အခြေအနေဟာ အလွန်အရေးကြီးနေပြီလို့ ပြောပါတယ်။ Miller နဲ့ Fowler တို့ ၂ ဦး စလုံးဟာ တရားရင်ဆိုင်ဖို့ စောင့်နေကြရတာဖြစ်ပါတယ်။

မြောက်ကိုရီးယားကို ရောက်သွားတဲ့ CNN နဲ့ AP သတင်းထောက်တွေကို ဖမ်းဆီးထားသူတွေနဲ့ ပြုံယမ်းမြို့မှာ တဦးကို ၅ မိနစ်စီ တွေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG