သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York ရဲအရာရှိနှစ်ဦးကို ပစ်သတ်ခဲ့သူ စိတ်ရောဂါနောက်ခံရှိ


ရဲအရာရှိနှစ်ဦးကို ပစ်သတ်ခဲ့သူ Ismayyil Brinsley
ရဲအရာရှိနှစ်ဦးကို ပစ်သတ်ခဲ့သူ Ismayyil Brinsley

နယူးယောက်ရဲအရာရှိနှစ်ဦးကို ပစ်သတ်ခဲ့တဲ့သေနတ်သမားဟာ အကြမ်းဖက်ပြီး စိတ်ဝေဒနာခံစားနေရတဲ့ နောက်ကြောင်းရာဇဝင်ရှိတဲ့အကြောင်း ထိပ်တန်းရဲအရာရှိတဦးက ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် Ismayyil Brinsley ဟာ ဘရွတ်ကလင်းမှာ စနေနေ့က ကင်းလှည့်ရဲကားထဲမှာ ထိုင်နေကြတဲ့ ရဲအရာရှိနှစ်ဦးဖြစ်ကြတဲ့ Wenjian Liu နဲ့ Rafael Ramos တို့ကို သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ အဲဒီနောက် သူဟာ သူ့ကိုယ်သူ ပစ်သတ်သွားခဲ့ပါတယ်။

အခုလို ပစ်မသတ်ခင် ဘရင်စ်လေက လူဖြူရဲအရာရှိတွေလက်ချက်ကြောင့် သေဆုံးခဲ့တဲ့ လက်နက်မဲ့ လူမည်းအမျိုးသားနှစ်ဦးဖြစ်တဲ့ မိုက်ကယ်ဘရောင်းနဲ့ အဲရစ်စ် ဂါနာတို့ရဲ့သေဆုံးမှုတွေကို ဂလဲ့စားခြေမယ်လို့ အင်တာနက် Instagram -မှာ ရဲနဲ့အစိုးရကို ဆန့်ကျင်တဲ့စာသားတွေကိုလည်း ရေးသားခဲ့ပါတယ်။

ဘရင်စလေဟာ လူမည်းဖြစ်ပါတယ်။ သူသတ်ခဲ့လို့ သေသွားသူ ရဲအရာရှိနှစ်ဦးအနက် တစ်ဦးက အာရှနွယ်ဖွားဖြစ်ပြီး တစ်ဦးက ဟစ်ပဲန်းနစ်ဖြစ်ပါတယ်။ အခုလို သတ်ဖြတ်မှုတွေဟာ ရဲအားလုံးအပေါ်ကို တိုက်ခိုက်မှုတရပ်ဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန် Bill de Blasio က ပြောလိုက်ပါတယ်။ သေဆုံးသူ ရဲအရာရှိနှစ်ဦးတို့ရဲ့ ဈာပနအခမ်းအနားတွေကျင်းပပြီးစီးတဲ့အထိ ဆန္ဒပြမှုတွေ ရပ်ဆိုင်းထားဖို့ မြို့တော်ဝန်က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG