သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုကြီးကြပ်ရေး အောက်ခြေသိမ်းပြောင်းလဲမှု အိုဘားမားကြေညာမည်


အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest
အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest

သမ္မတရဲ့အမိန့်နဲ့ လူဝင်မှုကြီးကြပ်ရေး ပြောင်းလဲမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ပေါ်လစီတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက နိုင်ငံကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ မိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

မစ္စတာ အိုဘားမားရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ ခြုံငုံပြည့်စုံမှာဖြစ်ပြီး နယ်စပ်လုံခြုံရေး အရေးယူ ဆောင်ရွက်မှုတွေလည်း ပါဝင်မယ်လို့ အမေရိကန် အမိမြေ လုံခြုံရေးဌာနဝန်ကြီး Jeh Johnson က သတင်းထောက်တွေကို ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အထက်လွှတ်တော်က အတည်ပြုခဲ့ပေမဲ့ အောက်လွှတ်တော်က ဆက်လက် အရေးယူဆောင်ရွက်ခြင်း မရှိခဲ့တဲ့အတွက် ဒီနှစ်မကုန်မီ လူဝင်မှုကြီးကြပ်ရေး ပြောင်းလဲမှုတွေကို သမ္မတအနေနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ကတိပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတကြေညာမယ့် အစီအစဉ်မှာ နိုင်ငံတွင်း တရားမဝင် ရောက်ရှိနေကြသူ ၅ သန်းကို ပြည်နှင်ဒဏ်ပေးမယ့် အလားအလာကို ပယ်ဖျက်ပေးမှာဖြစ်ပြီး နယ်စပ်လုံခြုံရေး တိုးမြှင့်ကာ နိုင်ငံတွင်း ကလေးဘဝကတည်းက တရားမဝင် ရောက်ရှိနေကြသူတွေကိုလည်း အထောက်အကူ တိုးမြှင့်ပေးမယ့် အစီအစဉ် ပါဝင်မယ်လို့ အနည်းဆုံး သတင်းဌာနတခုက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG