သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဖွဲ့ အပြီးသတ် ချေမှုန်းရေး သမ္မတ အိုဘားမား အခိုင်အမာ ယုံကြည်


အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေတဲ့ အိုဘားမား။ (နိုဝင်ဘာ၊ ၂၀၁၅)
အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေတဲ့ အိုဘားမား။ (နိုဝင်ဘာ၊ ၂၀၁၅)

အစ္စလာမ်မစ် အစွန်းရောက် IS ဂျီဟဒ် တိုက်ခိုက်ရေး သမားတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက အမြစ်ဖြုတ် ချေမှုန်းတိုက်ခိုက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်နေရာ မလေးရှားနိုင်ငံမှာ သမ္မတအိုဘားမားက ပြောဆိုလိုက်တာပါ။

ISIL တို့ကို စစ်မြေပြင်မှာ တိုက်ခိုက် ချေမှုန်းနေသလိုဘဲ သူတို့ကို ချေမှုန်းပြီး လက်ရှိ သိမ်းယူထားတဲ့ ဒေသတွေကို ပြန်လည် သိမ်းယူသွားမယ်၊ နောက် သူတို့ရဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေကို ဖြတ်တောက်ပြီး သူတို့ရဲ့ ဦးဆောင်မှုတွေကို ခြေရာခံ ဖော်ထုတ်မှာ ဖြစ်သလို သူတို့ရဲ့ အချိတ်အဆက်နဲ့ အထောက်အပံ့တွေကိုလည်း ဖြတ်တောက်ပြီး အစွမ်းကုန် ချေမှုန်း တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ချေမှုန်း တိုက်ခိုက်ရာမှာလည်း အမေရိကန်ရဲ့ စံတန်ဖိုးနဲ့ ကျင့်ဝတ်တွေကို မထိခိုက်စေဖို့လည်း အသေအချာ လုပ်ဆောင်ချင်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ အစ္စလာမ္မစ် အစွန်းရောက်တွေက လူတွေအပေါ် အဓိက လွှမ်းမိုးထားတဲ့ စွမ်းအင်က ကြောက်ရွံ့ တုန်လှုပ်စေခြင်း ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ညွှန်းဆိုပြီး ဒီအကြောက်တရားကို ကျော်လွှားနိုင်အောင် ကြိုးစားကြဖို့လည်း သတိပေးခဲ့ပါတယ်။

အစွန်းရောက်သမားတွေကို တုံ့ပြန်တိုက်ခိုက်ဖို့ အတွက် အစွမ်းအထက်ဆုံး လက်နက်ကတော့ အကြမ်းဖက်သမာေးတွကို မကြောက်ကြဖို့ဘဲ ဖြစ်တယ်လို့လည်း အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG