သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ashton Carter ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် အိုဘားမား အဆိုပြု


အမေရိကန်သမ္မတ Barack Obamaနဲ့ ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် တင်သွင်းခံရတဲ့ ပန်တဂွန် စစ်ဌာနချုပ် လက်ထောက် အကြီးအကဲဟောင်း Ashton Carterကို အိမ်ဖြူတော်မှာ တွေ့ရ။ (ဒီဇင်ဘာ ၅၊ ၂၀၁၄)
အမေရိကန်သမ္မတ Barack Obamaနဲ့ ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် တင်သွင်းခံရတဲ့ ပန်တဂွန် စစ်ဌာနချုပ် လက်ထောက် အကြီးအကဲဟောင်း Ashton Carterကို အိမ်ဖြူတော်မှာ တွေ့ရ။ (ဒီဇင်ဘာ ၅၊ ၂၀၁၄)

ပန်တဂွန် စစ်ဌာနချုပ် လက်ထောက် အကြီးအကဲဟောင်း Ashton Carter ကို ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် အမေရိကန်သမ္မတ Barack Obama က အဆိုတင်သွင်းလိုက်ပါတယ်။ သောကြာနေ့က အိမ်ဖြူတော်မှာ သမ္မတက အခုလိုကြေညာခဲ့တာပါ။ ရူပဗေဒပညာရှင်တဦးဖြစ်ပြီး အဆင့်မြင့် စစ်လက်နက် ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ မစ္စတာ Carter ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ လက်ထောက် ကာကွယ်ရေးဝန်ကြီအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ Pentagon ရဲ့ထိပ်တန်း လက်နက်ဝယ်ယူသူအဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Ash လို့လည်း ခေါ်တဲ့ မစ္စတာ Carter ဟာ နည်းပညာနဲ့ မဟာဗျူဟာ အမြင် ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ အရည်အသွေးကို ဆောင်ကျဉ်း လာနိုင်သူ ဖြစ်တယ်လို့ သမ္မတ Obama ကဆိုပါတယ်။ ဝါရှင်တန်က အဓိက နိုင်ငံရေးပါတီကြီး နှစ်ရပ်စလုံးရဲ့ထာက်ခံမှုကို ရရှိထားတဲ့သူ့ကို အထက်လွှတ်တော်က ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုပြီးရင်တော့ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဖိအားပေးမှုကြောင့် လွန်ခဲ့တဲ့လက နှုတ်ထွက်သွားတဲ့ Chuck Hagel နေရာမှာ တာဝန်ထမ်းဆောင်ရမှာပါ။

သောကြာနေ့က သမ္မတ Obama၊ ဒုသမ္မတ Joe Biden တို့နဲ့အတူ မစ္စတာ Carter က တကယ်လို့ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖို့ အတည်ပြုပြီးလျင်တော့ သူ့အနေနဲ့ထိရောက်တဲ့ မဟာဗျူဟာနဲ့ စစ်ရေးအကြံဉာဏ်တွေ သမ္မတ Obama ကို ပေးနိုင်မယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG