သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ် ထိန်းချုပ်ရေး အလားအလာကောင်း Obama ကြေညာ


အိမ်ဖြုူတော်မှာ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောစဉ်။ ( ဧပြီ ၂၈၊ ၂၀၁၆)
အိမ်ဖြုူတော်မှာ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောစဉ်။ ( ဧပြီ ၂၈၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက်သေနတ်နဲ့ ပစ်ခတ်မှုတွေ လျော့ပါးစေဖို့ အတွက် နည်းပညာသစ်တွေနဲ့ Smart သေနတ်တွေ တီထွင်ဖို့၊ သေနတ်ဝယ်မယ့်သူ အတွက် နောက်ခံ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေးရာမှာ အစိုးရက ပိုမို ပူးပေါင်းဆောင်ရွက်ဖို့လိုမျိုးလုပ်ဆောင်ရမှာ တွေကို သမ္မတ Barack Obama က ကြေညာခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက သမ္မတ အိုဘားမား ကြေညာခဲ့တဲ့ အဆိုပြုချက်တွေနဲ့ ပါတ်သက်ပြီး အကောင်အထည် ဖေါ်ရာမှာ အရေးပါတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သောကြာနေ့ သမ္မတအိမ်ဖြူ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သေနတ်ကို စိတ်ဝေဒနာ ခံစားနေရသူတွေလိုမျိုး မရောက်သင့်တဲ့လူတွေ လက်ထဲ ရောက်မသွားအောင် သေနတ်ဝယ်တဲ့လူရဲ့ နောက်ခံ ကိုယ်ရေး အချက်အလက်တွေကို ပိုပြီး တိတိကျကျ ထိထိရောက်ရောက် စစ်ဆေးဖို့ သမ္မတက တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် သေနတ်ကို ကလေးငယ်တွေ ဒါမှမဟုတ် ပိုင်ရှင်မဟုတ်တဲ့ တခြားတယောက်က ယူသုံးလို့မရအောင် နည်းပညာနဲ့ ပိတ်ပင်နိုင်အောင် လုပ်ဆောင်ဖို့ပါ ပန်ကြားခဲ့တာပါ။

အမေရိကန်နိုင်ငံသား ၃ သောင်းကျော် ဟာ နှစ်စဉ် သေနတ်ကြောင့် သေဆုံးနေ တာဖြစ်ပြီး ဒီအထဲမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာ၊ အိမ်တွင်းအကြမ်းဖက်မှုအပြင် ဂိုဏ်းဖွဲ့အုပ်စုတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ မတော်တဆ ဖြစ်ပွါးမှုတွေပါ ပါဝင်နေပါတယ်။

သူ့ရဲ့ ဇန်နဝါရီလထုတ်ပြန်တဲ့ အဆိုပြုချက် ကနေ သေနတ်နဲ့ အကြမ်းဖက်တဲ့ ပြဿနာ အတော်များများကို ဖြေရှင်းနိုင်ခဲ့တယ်လို့ လည်း သမ္မတက ပြောပါတယ်။

Smart သေနတ်တွေမှာဆိုရင် သေနတ်ကိုင်ဆောင်ခွင့် မရှိသူတွေ သေနတ်ကို သုံးလို့မရအောင် ဒါမှမဟုတ် လွယ်လွယ်ကူကူ သုံးလို့ မရအောင် ထိန်းချုပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG