သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ဆော်ဒီဘုရင်ကို အိုဘားမားဂါရဝပြု


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဆော်ဒီဘုရင် Abdullah ကို ဂါရဝပြုဖို့အတွက် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို အင်္ဂါနေ့မှာ ရောက်ရှိသွားပါတယ်။

သမ္မတ အိုဘားမားဟာ လွှတ်တော်အမတ်တွေ၊ ထိပ်တန်းအစိုးရ တာဝန်ရှိသူတွေ၊ အရင် အစိုးရလက်ထက်က အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ လူပေါင်း ၃၀ ပါ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဆော်ဒီနိုင်ငံရဲ့ မြို့တော် Riyadh ကို ခေတ္တ ဆိုက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

Riyadh မြို့ကနေ ပြန်လည်မထွက်ခွာခင် သမ္မတ အိုဘားမားဟာ ဆော်ဒီဘုရင်အသစ်ဖြစ်လာသူ Salman bin Abdulaziz နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ရေနံဈေးကွက် တည်ငြိမ်မှုရှိရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် အစိုးရတာဝန်ရှိသူ တယောက်က ပြောပါတယ်။

သမ္မတ အိုဘားမား က လူ့အခွင့်အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေးဘီးယား နိုင်ငံဟာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့အတွက် လုပ်ဆောင်စရာတွေ လိုနေသေးတယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ Ben Rhodes က ပြောပါတယ်။

XS
SM
MD
LG