သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လူဝင်မှု ကြီးကြပ်ရေးစနစ် အိုဘားမား ပြင်မည်


အမေရိကန်သမ္မတ အိုဘားမား လူဝင်မှုကြီကြပ်ရေးစနစ် မိန့်ခွန်းပြောကြား။ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)
အမေရိကန်သမ္မတ အိုဘားမား လူဝင်မှုကြီကြပ်ရေးစနစ် မိန့်ခွန်းပြောကြား။ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိရောက်မှုမရှိပဲဖြစ်နေတဲ့ စနစ်တခု ကို ပြင်ဆင်ရေး အတွက် စောင့်စားနေဖို့ အချိန်မရှိ တော့တာကြောင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ မူပြုပြင်ရေးပြုလုပ်ဖို့ အတွက် သမ္မတ ဘရက် အိုဘားမားဟာ ကွန်ဂရက်လွှတ်တော်ကို ကွင်းရှောင်ပြီး ဆောင်ရွက်ရ တာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ သန်းနဲ့ချီတဲ့ အထောက်အထား မဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေး ကနေ အကာအကွယ်ပေးမယ့် အစီအစဉ်တရပ်ကို သမ္မတ ဘရက် အိုဘားမားက ဒေသ စံတော်ချိန် ကြာသာပတေးနေ့ နှောင်းပိုင်း မှာ ကြေညာမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ တရားမဝင်ရွှေ့ပြောင်းလာရောက်နေထိုင်သူ ငါးသန်းလောက် ကို နေရပ်ပြန်ပို့ရေး ကနေ အကာအကွယ် ပေးမှာဖြစ် ပါတယ်။ အမေရိကန် နိုင်ငံသားဖြစ်နေပြီးသား ကလေးတွေရဲ့ မိဘတွေ၊ ဒါမှမဟုတ် အမေရိကန်နိုင်ငံမှာ တရားဝင် နေထိုင်သူတွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိကြမှာပါ။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအတွင်းကို ကလေးငယ်တွေအဖြစ်နဲ့ တရားမဝင်ရောက်ရှိလာသူတွေကိုလည်း တိုးမြင့် အကာကွယ်ပေး သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို ရီပတ်ဘလစ်ကင် ပါတီကတော့ ဒေါသတကြီး ပြစ်တင်ေ၀ ဖန်နေကြပြီး သမ္မတဟာ ပုံမှန်အတိုင်းလုပ်ရမယ့် ကွန်ဂရက်ရဲ့ ဥပဒေပြု လုပ်ငန်းစဉ်ကို ကျော်ပြီး သူလုပ်ချင်တဲ့ အစီအစဉ်အတွက် သမ္မတ အမိန့်ကိုအသုံးပြုတာဖြစ်တယ် လို့ ဝေဖန်ပါတယ်။

Ebola ရောဂါ အကြီးအကျယ်ခံစားနေကြရတဲ့ အနောက်အာဖရိက ၃ နိုင်ငံက ရောက်ရှိနေတဲ့ တရားမဝင် နေထိုင်သူတွေကို နေရပ်ရင်း ပြန်မပို့ပဲ အလုပ်လုပ်ခွင့် ပါမစ်တွေ ထုတ်ပေးမယ်လို့ သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

Sierra Leon, Guinea နဲ့ Liberia နိုင်ငံ ၃ နိုင်ငံက တရားမဝင်လာရောက်နေထိုင်သူတွေကို ယာယီအကာကွယ်ပေးတဲ့ အနေနဲ့ (၁၈) လ နေထိုင်ခွင့်ပြုမယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနကပြောပါတယ်။

ဒီလို အကာကွယ်ရရှိဖို့ လျှောက်ထားသူတွေဟာ နိုဝင်ဘာ ၂၁ ရက် သောကြာနေ့ကနေ မေလ ၂၀ ရက်နေ့အတွင်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့မတိုင်ခင် အမေရိကန်နိုင်ငံ အတွင်းမှာ ရောက်ရှိနေသူတွေသာ အကြုံးဝင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG