သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ကျုးဘားသမ္မတနဲ့ တွေ့ဆုံ


ကျူးဘားနိုင်ငံ ဟာဗာနာက သမ္မတ နန်းတော်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ ကျူးဘားသမ္မတ Raul Castro တို့တွေ့ဆုံ
ကျူးဘားနိုင်ငံ ဟာဗာနာက သမ္မတ နန်းတော်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ ကျူးဘားသမ္မတ Raul Castro တို့တွေ့ဆုံ

ကျူးဘားနိုင်ငံ ဟာဗာနာက သမ္မတ နန်းတော်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ ကျူးဘားသမ္မတ Raul Castro တို့ဟာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှုကို ခံယူပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြည့်ရှုခဲ့ပါတယ်။

ဒီနောက် သမ္မတအိုဘားမားနဲ့ လိုက်ပါသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အမျိုးသားလုံခြုံရေးအကြံပေး Susan Rice အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ်တွေကို သမ္မတ Castro နဲ့ မိတ်ဆက်ပေးခဲ့သလို ကျူးဘားအစိုးရအဖွဲ့ဝင်တွေနဲ့လည်း သမ္မတ Obama ကို အပြန်အလှန်မိတ်ဆက်ပေးခဲ့ပါတယ်။ ၃ ရက်ကြာ ကျူးဘားခရီးစဉ်အတွင်း သမ္မတ အိုဘားမားဟာ ဒီကနေ့မနက်ပိုင်းက တော်လှန်ရေးရင်ပြင်မှာရှိတဲ့ လွတ်လပ်ရေး သူရဲကောင်း Jose Marti ရဲ့ အထိမ်းအမှတ်နေရာမှာ လွမ်းသူပန်းခွေချခဲ့ပါတယ်။

ဒီကနေ့ သမ္မတ ၂ ဦးတွေ့ဆုံရာမှာတော့ ၂ နိုင်ငံကြားဆက်ဆံရေး ပိုကောင်းလာအောင် ဆောင်ရွက်ဖို့နဲ့ လူ့အခွင့်အရေးကိစ္စတွေလည်း ဆွေးနွေးမှာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီခရီးစဉ်အတွင်း သမ္မတ Obama ဟာ ကျူးဘားအစိုးရအဖွဲ့ဝင်တွေ၊ စွန့်ဦးတီထွင်သူတွေ၊ လူငယ်တွေ၊ လူမှုအဖွဲ့အစည်းဝင်တွေအပြင် အတိုက်အခံအင်အားစုတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ အိမ်ဖြူတော်က ပြောဆိုထားပါတယ်။

XS
SM
MD
LG