သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nemtsov ကို အစိုးရ သတ်ခိုင်းဟု အတိုက်အခံစွပ်စွဲ


သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရသူ ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ရဲ့ဈာပန (မတ် ၃၊ ၂၀၁၅)
သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရသူ ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ရဲ့ဈာပန (မတ် ၃၊ ၂၀၁၅)

ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ကို အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ သို့တည်းမဟုတ် သမ္မတ Vladimir Putin အပါအဝင် နိုင်ငံရေးခေါင်းဆောင်ပိုင်းက အမိန့်ပေးတဲ့အတွက် အစိုးရလိုလားတဲ့ အဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်လိုက်တာလို့ သူ့အနေနဲ့ ယုံကြည်ကြောင်း အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ Alexei Navalny က ပြောပါတယ်။

မေးခွန်းထုတ်စရာရှိတာက Boris Nemtsov ကို သတ်လိုက်လို့ ပြောသလား၊ ဒါမှမဟုတ် မှတ်လောက် သားလောက် လူသိရှင်ကြား ဖြစ်သွားအောင် လုပ်လိုက်လို့ ပြောလိုက်သလားဆိုတဲ့ အမိန့်ပေးဖို့ ဘယ်လို စီစဉ်ခဲ့သလဲဆိုတာပဲ ဖြစ်တယ်လို့ သူ့ရဲ့ Blog မှာ Navalny က အင်္ဂါနေ့က ရေထားတာပါ။

Navalny ကတော့ ဆန္ဒပြဖို့ လက်ကမ်းစာဆောင်တွေ ဖြန့်ချိမှုနဲ့ ထောင် ၁၅ ရက် ချခံထားရတာကြောင့် အင်္ဂါနေ့က ပြုလုပ်တဲ့ Nemtsov ရဲ့ အသုဘကို တက်ဖို့အတွက် ခွင့်ပြုချက် မရခဲ့ပါဘူး။ Navalny ဟာ ကရင်မလင် နန်းတော်အနီး သောကြာနေ့က လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပြီး မော်စကိုမြို့က Troyekurovskoye သချုႋင်းမှာ မြေမြုပ် သင်္ဂြိုဟ်ခဲ့ပါတယ်။

ရုရှားနိုင်ငံက လစ်ဘရယ် အယူအဆရှိတဲ့ နိုင်ငံရေးပါတီ တချို့နဲ့ သုတေသီတချို့က အတိုက်အခံတွေအပေါ် ပြည်သူ လူထုအကြား မုန်းတီးမှု ဖြစ်ပေါ်လာအောင် အစိုးရပိုင် သတင်းစာတွေကတဆင့် ရုရှား အစိုးရက လုပ်ဆောင်နေကြောင်း စွပ်စွဲ ပြောဆိုထားပေမယ့် ဒါပေမယ့် ဒီ သတ်ဖြတ်မှုမှာ သမ္မတ ပူတင်ရော၊ အစိုးရရော ပါဝင် ပတ်သက်တယ်လို့ မထင်ကြောင်း ပြောဆိုနေတာဟာ အဓိပ္ပါယ်မရှိကြောင်း၊ အဲဒီ အဖွဲ့တွေဟာ မကြာသေးခင် လပိုင်း အတွင်းကမှ အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြောင်း Navalny က သူ့ဘလော့မှာ ရေးသားထားပါတယ်။

XS
SM
MD
LG